"ကိုကိုက သစ်​ခွပန်း အဖြူ​လေး ကြိုက်​တယ်​.."

ခပ်​တိုးတိုး ​ရေရွတ်​သံနှင့်​အတူ လူငယ်​​လေး
၏ နှုတ်​ခမ်း​ထောင့်​​လေးများ တွန့်​​ကွေးသွားပုံ
က မနက်​ခင်း ​နေ​ရောင်​ခြည်​ နှင့်​ အပြိုင်​...
ကြည့်​​ကောင်းလွန်းသည်​...။

လူငယ်​​လေးသည်​ ​နဖူး​ပေါ်ကျ​နေ​သော...
ငွေမှင်​​ရောင်​ ဆံပင်အချို့ကို လက်​​ချောင်း​...
သွယ်​သွယ်​များဖြင့်​ အသာသပ်​တင်းရင်း...
အဖြူ​ရောင်​ သစ်​ခွပန်း​လေးကို ကြိမ်​ခြင်း...
လေးထဲ ​နေချလိုက်​သည်​...။

သစ်​ခွပန်း​လေးများကို ကြည့်​ရင်း....
သ​ဘောတကျ ထပ်​ပြုံးလိုက်​​သောအခါ...
ပါးပြင်​တစ်​ဖက်​တွင်​ ထင်​ရှားစွာ ​နေရာ...
ယူ​နေ​သော ပါးချိုင့်​​လေး...။

"သစ်​ရွက်​စိမ်း..!!.."

အိမ်​ကြီးထဲမှ ဟိန်းကနဲထွက်​လာ​သော...
အသံတစ်​ခုအဆုံး ပါးပြင်ပေါ်မှ ပါးချိုင့်လေး ပျောက်ကွယ်သွားကာ သစ်​ခွပန်း​လေးအား...
ကိုင်​တွယ်​​နေ​သော လက်​​ချောင်းသွယ်​သွယ်
လေးများ ရပ်​တန့်​သွားရသည်​...။

လူငယ်လေး သည် သစ်ခွပန်း ထည့်ထားသော
ကြိမ်ခြင်းလေးကို ယူကာ အိမ်ကြီးဘက်သို့...
အလျင်အမြန် သွားတော့သည်...။

အိမ်ကြီးအဝသို့ ရောက်သောအခါ...
လူငယ်လေးအား စောင့်ကြိုနေသော...
အသက်၅၀အရွယ် လူကြီးတစ်ဦး..။
ထိုသူသည် အိမ်တော်ထိန်း ဦးမြကောင်း
ပင်..။

ဦးမြကောင်းသည် လူငယ်လေး...
လက်ထဲမှ ကြိမ်ခြင်းလေးကို လှမ်းယူ
လိုက်ကာ ပြောလာသည်...။

"ရွက်​စိမ်း​လေး မြန်​မြန်​သွားလိုက်​ဦး...
သခင်လေး က အိပ်​ရာနိုးထဲက ရွက်​စိမ်း​လေး
ကို မ​တွေ့လို့ အ​တော်​​ဒေါသထွက်​​နေတယ်​.."

"ဟုတ်​ကဲ့ ​လေး​လေး​ကောင်း...
ဒီသစ်​ခွပန်း​လေး​တွေကို ဒီတိုင်း​လေးဘဲ
ထား​ပေးပါ​နော်​..။ ရွက်​စိမ်း ကိုကို့ စားပွဲ​ပေါ်
မှာ ပန်းအိုး​လေး ထိုး​ပေးချင်​လို့..."

ရွက်​စိမ်း ​လေး​လေး​ကောင်းကို ​ပြောပြီး
သည်​နှင့်​ မည်​သူမှတက်​ခွင့်​မရှိ​သော အိမ်​ကြီး
၏ အ​ပေါ်ထပ်​သို့ တက်​လာခဲ့သည်​...။

Clover your'e my clover[Completed]Where stories live. Discover now