ပြီးတော့ Steve ကို ခနဲ့တဲ့တဲ့ ပြုံးကြည့်ကာ ​ဦးထုပ် အဝိုင်းကို လက်ညှိုးနှင့်ထိန်းကာ လှည့်နေသည်။

တလိပ်လိပ်တက်လာသော Steve ၏ ဒေါသတွေက ရင်ထဲ ပြည့်ကျပ်နေလွန်း၍ လျှံပင် ထွက်လာပြီလား ထင်ရသည်။

အလိုအ​ေလျာက် မျက်လုံးတွေ အဝါရောင်​ပြောင်းကာ လက်သည်းတွေပါ ရှည်ထွက်လာသည်။

သူ့ပုံစံကို မြင်တော့ Christopher က ဟက်ခနဲ ရယ်သည်။

"မင်းငါ့ကို သတ်လို့ မရဘူး Steve Walker”

Steve နှုတ်ခမ်းတစ်ဖက်ကို မဲ့လိုက်သည်။
ပြီးမှ အေးစက်မာကျောနေသော လေသံနှင့် ပြောသည်။

"ငါသိတယ်။
ဒါပေမယ့် ထာဝရပိတ်လှောင်ခံရတယ်ဆိုတာ ဘယ်လိုမျိုးလည်း သိအောင် ငါလုပ်ပေးနိုင်တယ်။
အဲ့တာက မင်းရဲ့ ထာဝရရှင်သန်မှုကို မင်းကိုယ်တိုင် နောင်တရလောက်တဲ့ အထိ ဆိုးမယ်ဆိုတာ ငါ ကျိန်ရဲတယ်။”

Steve ၏ စကားကို Christopher က အနည်းငယ်မှ မကြောက်ရွံ့သည့်ဟန်ဖြင့် ပုခုံးတွန့်ပြသည်။

"အင်း မပြောတတ်ဘူးလေ။
ငါကတော့ ငါ့ဘဝရဲ့ ကျေနပ်စရာ ပါရမီထူးတွေထဲက ထာဝရ ရှင်သန်ရမယ်ဆိုတဲ့ အချက်ကို အကြိုက်ဆုံးပဲ။
အဲ့တော့ မပြောတတ်ဘူး။
ကြိုးစားကြည့်ပေါ့။”

ပြောပြီးသည်နှင့် ဦးထုပ်ကို လွှတ်ပစ်လိုက်ကာ မြစိမ်းရောင် မျက်လုံးတွေနှင့် စူးစိုက်ကြည့်လာသည်။

Steve စိတ်ထဲ ရွံရှာစက်ဆုပ်မှုတွေသာ ခံစားနေရသည်။

မင်းတော့ မင်းဘဝမှာ အဆိုးဝါးဆုံး အမှားကို ကျုးလွန်မိတာဘဲ Christopher

ထို့နောက် Steve အားကုန်သုံးကာ Chris ဆီသို့ ပြေးကာ တိုက်ခိုက်တော့သည်။
..............

ဒေါသကြောင့်လား၊ ခံပြင်းနာကျင်မှုကြောင့်လား ဘာကြောင့် လည်း မသိပေမယ့် သူကိုယ်ထဲတွင် ပုံမှန် ခွန်အား ၂ဆ လောက် တိုးလာသည် ဟု ခံစားရသည်။

စိတ်များကလည်း အရိုင်းဆန်လာကာ Christopher ကို တစ်စစီ ဆွဲဖြဲပစ်ချင်စိတ်သာ ကျန်တော့သည်။

Christopher ကလည်း အလွန် လျင်မြန်လွန်းလှသည်။
Steve ၏ နောက်လိုက် Werewolves များ သူ့နား ကပ်ချိန် မရခင်မှာပင် နှလုံးများကို တရစပ် ဆွဲထုတ်ပစ်လိုက်နိုင်သည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now