●◉✿ 1 ✿◉●

45.8K 2.7K 453
                                    

|| Unicode ||

" အာ့ တားတား စထော်ဘယ်ရီ ပါဆို"

" အား အန်တီ လုပ်ပါဦး "

" ထယ်ထယ် လေးက လိမ်မာတယ်
ကိုကို့ ဆံပင်ကို လွှတ်ပေးလိုက်နော်"

" ဟွန့် တိုတိုက တား စထော်ဘယ်ရီကို ရုစားရို့ပါဆို"

" မေမေ ပြန်၀ယ်ကျွေးမယ်နော် ကိုကို နာနေပီ လွှတ်လိုက်တော့ "

" အွန့် "

အဲ့တော့ လက်ပိစိလေးနဲ့ ဆွဲထားတဲ့
ဆံပင်တွေကို လွှတ်ပေးသည်။

၃ရက်လောက်ထိ ဆံပင်ဆွဲခံထားတဲ့
နေရာက ကြိမ်းနေပြီး နောက်ဆို အဲ့ကလေးကို
စတော်ဘယ်ရီနဲ့ ပတ်သတ်ပီးစလို့ မရမှန်း
သင်ခန်းစာ ရလိုက်သည်။

အတိတ်က အဖြစ်ပျက်တွေကို
တွေးကာ ခပ်ရေးရေးပြုံးမိသည်။

အဲ့တုန်းက ထယ်လေးက အသက် ၄‌ေကျာ် 5နှစ်လောက်သူက အသက် 10နှစ်လောက်ဘဲ ရှိဦးမည်။
ထယ်လေး နာမည်က Kim Taehyung
ကျွန်တော့် နာမည်က Jeon Jungkook

အိမ်ဘေးက အဲ့ကလေးလေးက
အရမ်းစွာပြီး ချစ်စရာကောင်းသည်။

မူကြိုကပြန်ရောက်တိုင်း ဘေးအိမ်သွားကာ
ထိုကလေးလေး နဲ့ဘဲ အချိန်ဖြုန်းနေတက်သည်။

ကိုယ့်အသက် 12နှစ်ရောက်တော့
Seoulကို မိဘတွေနဲ့ အတူ ပြောင်းခဲ့ရပြီး
ထိုကလေးနဲ့ ခွဲခဲ့ရသည်။

အခုဆို အသက် 25ရှိပြီ
ကိုယ်ပိုင် Companyနဲ့ ကိုယ်ပိုင် သီးသန့်
အိမ်နဲ့ နေနေပြီ။

အကြောင်းအမျိုးမျိုးတွေကြောင့်
ထိုကလေးဆီကို မဆက်သွယ်မိခဲ့။

ရေစက်က ဆုံချင်တော့ တလောကပင်
ကလေး မေမေနဲ့ Seoulက cafeဆိုင်
တစ်ဆိုင်မှာ ဆုံသည်။

ထယ်လေးက အသက် ၂၀
အထက်တန်း နောက်ဆုံးနှစ်
တောင်ရောက်နေပြီတဲ့လေ။

Seoulက အထက်တန်းကျောင်း
တစ်ခုဘဲမှာဘဲ တက်ပြီး အဆောင်မှာ နေတယ်တဲ့။

နီးရက်နဲ့ ဝေးနေခဲ့ကြသည်မဟုတ်ပါလား။
ကိုယ်တိုင်က တွေ့ချင်နေသူမို့
ထယ်လေးကို သူ့ဆီမှာထားဖို့ ကလေးမေမေကို
ခွင့်တောင်းခဲ့သည်။

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now