"ဟုတ်တယ် Daddy သူနဲ့သားအခုထိအ ဆက်သွယ်ရှိတယ် သူကဟိုးအရင်ကထက် အများကြီးချမ်းသာလာတာ လွှမ်းမိုးစျာန်နဲ့တောင်ပိုင်ဆိုင်မှုချင်းကတူတူလောက်ပဲ သူ ဆူဇီ့ကိုဟိုးအရင်ကတည်းဘယ်လောက်ထိ သဘောကျခဲ့သလဲဆိုတာDaddyလဲသိမှာပါ အခုထိလဲသူဆူဇီ့ကိုမမေ့သေးဘူး"

"အဲ့တော့သားကဘာလုပ်မလို့လဲ ပိုက်ဆံချေးပြီးဆူဇီ့ကိုပြန်သွားရွေးမလို့လား"

"မဟုတ်ဘူး Daddy ဆူဇီ့ကို ကျွန်တော်ရောင်းစားမှာ ကျွန်တော်တို့နဲ့လုံးဝမဆိုင် တော့အောင်လုပ်မှာ"

"ဘယ်လို ဘယ်လို သား မင်းဘယ်လိုပြောလိုက်တယ် မင်း ညီမလေးကိုမချစ်တော့ဘူး
လား"

"မဟုတ်ဘူး Daddy ခုကိစ္စကညီမလေးကို ချစ်လွန်းလို့ ကျွန်တော်လုပ်မှာ Daddy ကျွန်တော်တို့မှာဘာမှမရှိပဲ ညီမလေးကိုဘယ် လိုကယ်ရမလဲ ပြီးတော့ မင်းဓနသွင်ကအသောက်အစားကင်းတယ် မိန်းမမလိုက်စား ဘူး သူနဲ့ဆိုညီမလေးကိုကျွန်တော်စိတ်ချတယ် ပြီးတော့ဆူဇီကကျွန်တော်တို့နဲ့ရှိနေသ ရွေ့ လွှမ်းမိုးစျာန်ကဒုက္ခပေးနေမှာပဲ"

"နေပါဦးကွာ Daddyဖြင့်တစ်ခုမှကိုနားမလည်တော့ဘူး"

"ဒီလိုဗျာ ကျွန်တော် ဆူဇီ့ကိုအခုကျွန်တော်တို့ လွှမ်းမိုးစျာန်ဆီမှာအကြွေးတင်နေတဲ့ငွေပမာ ဏထက် ပိုတဲ့ပမာဏနဲ့ မင်းဓနသွင်ဆီကိုရောင်းစားလိုက်မယ် ပြီးရင်အဲ့ပိုက်ဆံနဲ့ဆူဇီ့ကိုလွှမ်းမိုးစျာန်ဆီကပြန်ရွေးမယ် ပြီးရင် ညီမလေးကိုမင်းဓနသွင်နဲ့တူတူChinaကိုထည့်ပေးလိုက်တော့မယ် ကျွန်တော်ကထောင်ကျ ရမယ်ဆိုလဲရတယ် ညီမလေးအေးအေးချမ်း ချမ်းနေနိုင်ရင်ရပြီ"

"သားရယ် သမီးလေးကလက်ခံမယ်မထင်ဘူး သူဘယ်လောက်ထိသားကိုချစ်လိုက်သ လဲ သူ့အကိုနဲ့ခွဲရမယ်ဆိုရင်သူလိုက်သွားမှာ မဟုတ်ဘူး"

"မဟုတ်ဘူး အဲ့အိမ်ကထွက်လာတာနဲ့ဆူဇီက ကျွန်တော်တို့နဲ့ဘာမှမတော်တော့ဘူး သူစိမ်း တွေဖြစ်သွားပြီ ဆူဇီ့အတိတ်ထဲကကျွန်တော် တို့တွေအားလုံးကပျောက်ကွယ်သွားမှာ လွှမ်း မိုးစျာန်အပါအဝင်ပေါ့"

"ဒါကရောဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"ကျွန်တော်သိတဲ့ဆရာဝန်တစ်ယောက်ရှိတယ် သူကအိပ်မွေ့ချပြီးကုတာမှာနာမည်ကြီး တယ် အတိတ်မေ့နေတဲ့သူတွေကိုအတိတ်ကို ပြန်မှတ်မိအောင် အိပ်မွေ့ချတဲ့နည်းနဲ့ ကုပေးသလို အတိတ်တချို့ကိုလဲဖျောက်ပေးနိုင်တယ်"

I'm your Master(You're Mine)Where stories live. Discover now