"Steve မဟုတ်ဘူး။
Alex
သာမန် werewolves တွေရဲ့ အဆိပ်က vampire တွေကို သေစေတာပဲ ရှိတယ်။
ဒါပေမယ့် Hybrid ဆီက အဆိပ်ဆိုရင်တော့ ငါတို့ မှန်းကြည့်လို့ မရတဲ့ အရာတွေ အများကြီး လုပ်နိုင်တယ်။”

Rachel က ပြောပြီးချက်ချင်း ထိုစက်ကို ကောက်မလိုက်သည်။

"ငါ အခု Alex ကို သွားသတိပေးမှ ရမယ်။
နင်ပါ လိုက်ခဲ့ဖို့လိုတယ် Emily”

အလောတကြီးဟန် ပေါ်နေသော Rachel ၏ မျက်နှာပေးကြောင့် ဒီညတော့ အိမ်ပြန်အိပ်ရဖို့ပါ မရှိကြောင်း Emily သဘောပေါက်လိုက်ရတော့သည်။
............

"Ok Lucas
တက်လာခဲ့တော့။”

Lucas ဖုန်းချရင်း ပြုံးလိုက်မိသည်။
ညနေကတည်းက သူ့မွေးနေ့အတွက် ပြင်ဆင်နေသည်ဟုဆိုကာ Xan က ဘယ်သူ့ကိုမှ အိမ်ပေါ်တက်လာမခိုင်း။
တစ်ယောက်တည်း လေသာဆောင်မှာ အစအဆုံး ပြင်ဆင်နေသည်။
Lucas ကိုလည်း ပြီးရင်ခေါ်မည်ဟုဆိုကာ အောက်ထပ်မှာ စောင့်ခိုင်းထားတာ အလုပ်က ပြန်ရောက်ကတည်းက။

လေသာဆောင်၏ အခန်းတံခါးကို ဖွင့်ကာ ဝင်လိုက်သည်နှင့် မြင်လိုက်ရတာက ရိုမန်တစ်ဆန်စွာ ပြင်ဆင်ထားသော ညစာ စားပွဲ။
လျှပ်စစ်မီးတွေကို ပိတ်ထားပြီး အမွှေးဖယောင်းတိုင်လေးတွေသာ ထွန်းထားသည်။
စားပွဲ၏ အစွန်းနှစ်ဖက်တွင်လည်း Lucas ၏ အကြိုက်ဆုံးပန်းဖြစ်သော အဝါရောင် ကျူးလစ်လေးတွေကို လှပစွာ ပုံဖော်ပြီး တင်ထားသည်။
ခင်းကျင်းပြင်ဆင်ထားသော ညစာကလည်း နှစ်ယောက်စာထက် အမြောက်အမြား ပိုလျှံနေသည်။

စားပွဲ၏ တစ်ဖက်တွင် Xan က ကုလားထိုင်တစ်ခုပေါ် လက်တင်ထားကာ ရပ်နေသည်။
ဝတ်နေကျ Suit အပြည့်အစုံကို ဝတ်ထားသော်လည်း ဆံပင်တွေကို သပ်တင်မထား။
ခန့်ညားလွန်းသော မျက်နှာပေါ်က အပြုံးက Lucas ကို ခါတိုင်းလိုပင် ရင်ခုန်စေပေမယ့်လည်း...

ဒီညနောက်ဆုံးဘဲဆိုသည့် အသိဝင်လာသည့်အချိန်မှာတော့ ဆို့နင့်နာကျင်မှုတွေက အရှိန်အဟုန်နှင့် ဆောင့်တက်လာရ​ေတာ့သည်။

ရင်ထဲက အပူလုံးကို ဖုံးဖိရင်း ဟန်လုပ်ပြုံးကာ အနားကပ်သွားတော့ကာ Xan က သူ့လက်ထဲကို ခွက်တစ်ခွက် ကမ်းပေးသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now