part-26

1K 146 14
                                    

(zawgyi)

"အကိုကြီး ရေသောက်လိုက်အုံး "

တုန်ယင်နေတဲ့ လက်တွေကို အသာထိန်းရင်
ဆယ်ဟွန်း ဖန်ခွက်ရှည်လေးကို ချန်းယောလ်
ရှေ့ချပေးကာ ခပ်လှမ်းလှမ်းမှာ ဝင်ထိုင်လိုက်တယ်

"အကိုကြီး အလုပ်ကိစ္စတွေအရမ်းရှုပ်
နေလို့လား ဟွန်းဖုန်းကိုတောင် ပစ်ထားတယ်"

"အင်း အရမ်းအလုပ်ရှုပ်သွားလို့ပါ
စိတ်မဆိုးနဲ့နော် "

ဆယ်ဟွန်းနားကပ်ထိုင်လာပြီး ခေါင်းလေး
ကိုပွတ်ပေးတဲ့အကိုကြီးက သာမာန်လိုပဲ

ဒါမဲ့ သူ့လက်က ပြတ်ရှဒဏ်ရာအချို့ကြောင့်
ဆယ်ဟွန်း မျက်ရည်တွေဝဲတတ်လာ၏

ရီဖန်ကို အကိုကြီးဖမ်းထားတာ သေချာ
နေပြီလေ.....

"ဟွန်း? ဘာတွေတွေးနေတာလဲ?"

အကိုကြီးစကားသံကြားမှ ဆယ်ဟွန်း
မျက်ရည်တွေအမြန်သုတ်ကာ

"ဘာ.ဘာမှမတွေးပါဘူး အကိုကြီး
ဘာစားပြီးပြီလဲ ဟွန်း ဘာလုပ်ပေးရမလဲ"

ဘာမှမသိသလို မရိပ်မိသလို
အခြေနေကိုထိန်းထားရမယ်

"နေပါ ဟွန်းလည်း နေကောင်းသေးတာ
မဟုတ်ပဲ ရီရှင်းကိုခိုင်းမယ် သူဘယ်မှာလဲ"

"ဟို အကိုရှင်းက သူ့အိမ်ခဏ
ပြန်သွားတယ် အကိုကြီး"

"အော် ထားလိုက်ပါ အကိုကြီးလည်း
သိပ်မဆာပါဘူး ခဏအိပ်ချင်တယ်"

"အွန်း အိပ်လေ ဟွန်းအနားကနေ
စောင့်ပေးနေမယ် "

"အတူတူအိပ်မယ်လေ"

အကိုကြီးဆွဲခေါ်ရာ အပေါ်ထပ်က
အခန်းထဲ ဆယ်ဟွန်း ကြောက်ကြောက်နဲ့
လိုက်သွားမိသည်

ကုတင်ပေါ်ရောက်တော့ အကိုကြီးက
သူ့ရင်ခွင်ထဲ ဖက်ထားပေးတယ်

"လွမ်းနေတာ အချစ်ကို"

"အွန်း အတူတူပါပဲ အကိုကြီးရဲ့"

ဆယ်ဟွန်းနှုတ်ခမ်းတွေကိုဆွဲယူကာ
အနမ်းကြမ်းကြမ်းတွေပေးသည်

တဖြေးဖြေးလည်ပင်းဘက်ဆင်းလာတာမို့
ဆယ်ဟွန်းခေါင်းကိုအသာမော့ပေးထားရတယ်

Infatuated LOVE [Completed]Where stories live. Discover now