(zawgyi)
"ဘာ ရီဖန် ပျောက်နေတယ် ဟုတ်လား!"
"အေး ဘယ်မှာမှလည်းရှာမတွေ့ဘူး
မနေ့ညကတည်းကပြန်မလာတာတဲ့"".သေချာလို့လားမင်ဆော့ရယ် "
"ရီဖန်အမေ ငါ့ဆီမနက်ကဖုန်းဆက်
ပြီးပြီ ငိုနေတယ်""တစ်နေရာရာသွားတာရော မဖြစ်နိုင်ဘူးလား"
"ဟင့်အင်း ရီဖန်ကအဲ့လိုမပြောမဆိုနဲ့
ပျောက်မသွားတက်ဘူး အခုဖုန်းကလည်း
စက်ပိတ်ထားတာ "ဆယ်ဟွန်း စိတ်ထဲ အကိုကြီးကို
သံသယဖြစ်လာလေသည်"မ မဟုတ်တာ အိုဆယ်ဟွန်းရယ်
ဘာတွေလျှောက်တွေးနေတာလဲ""ဘာလို့ဆယ်ဟွန်း မင်းတွေးမိတာရှိလို့လား"
"ငါ ငါ မသိဘူး........
မင်ဆော့နဲ့စကားပြောနေစဉ် အကိုရှင်းက
ဝင်လာလေသည်"ဟွန်းနီး ဘာဖြစ်လို့လဲ"
"ရီ ရီဖန်ပျောက်နေတယ် အကို"
"ဘာ ဘယ်လိုဖြစ်တာလဲ ရဲစခန်းတိုင်ပြီး
ကြပီလား ""24နာရီမပြည့်သေးတော့ မတိုင်သေးဘူး
အကို ပြောတော့ပြောထားတယ်"ဆယ်ဟွန်း စိုးရိမ်ကြီးစွာ အကိုရှင်းကို
လှမ်းကြည့်လိုက်သည်အကိုရှင်းကလည်း နားလည်သဘော
ပေါက်ဟန်ဖြင့်"မင်ဆော့ ပြန်တော့မလား "
"ဘာလို့လဲ အကိုရှင်း"
"အကိုရှင်းနဲ့ဆယ်ဟွန်းက အပြင်ကို
အလုပ်ကိစ္စနဲ့သွားစရာရှိလို့""အော် ဟုတ်လား အဲ့ဆို ကျတော်ပြန်လိုက်တော့မယ်"
"မင်ဆော့ ရီဖန်သတင်းရရင်
ငါ့ဆီဖုန်းဆက်နော် ""အေးပါ ငါလည်းတက်နိုင်သလောက်
ရှာလိုက်အုံးမယ်"မင်ဆော့ပြန်သွားမှ....
"ဘာတွေဖြစ်ခဲ့တာလဲ ဟွန်းနီး
အကို့ကိုနားလည်အောင်သေချာပြောပြ"ဆယ်ဟွန်း မနေ့ပျက်ဖြစ်သမျှအားလုံး
အကိုရှင်း ကိုပြောပြလိုက်တယ်