part-25

1.2K 165 7
                                    

(zawgyi)

အေးစက်စက်ကြမ်းပြင်ရဲ့အထိတွေ့ကြောင့်
အသားတွေစပ်ဖျင်းဖျင်းနဲ့ ရီဖန်မျက်ခွံတွေ
လှုပ်လာသည်...

"အ့ ကျွတ်....

တစ်ကိုယ်လုံးညောင်းကိုက်ကာပွန်းပဲ့နေတဲ့
အသားတွေလည်းစပ်နေ၏

မျက်လုံးကိုအားယူဖွင့်ကြည့်တော့
မိမိရှေ့က ဆုံလည်ကုလားထိုင်ပေါ်
မိန့်မိန့်ကြီးထိုင်နေတဲ့ အကိုချန်းယောလ်

"မင်း သတိရလာပြီပဲ "

"စောက်ရူး! "

"ဘာ! မင်းဘာပြောလိုက်တယ် "

အနားအပြေးလွှားရောက်လာကာ
ရီဖန်ဆံပင်ကိုဆွဲစုတ်ပြီး ခေါင်းကို
မော့စေသည်

"စောက်ရူး စောက်ရူးလို့ ပြောတာ
ခင်များကို ထွီ!"

".ခွေးလိုကောင် မင်းကများ ငါ့ကို..

ချန်းယောလ် ဒေါသထွက်လာပြီး
အုတ်နံရံဘေးနားထိရောက်အောင်
စောက်ကန်လိုက်တယ်

နာကျင်လွန်းလို့ ရှုံမဲ့နေတဲ့ ဝူရီဖန်ကြည့်ကာ
မဲ့ပြုံးတွေဆင်မြန်းလျက်

"ခင်များ ကျနော်ကို သတ်မယ်ဆိုလည်း
သတ်ပစ်လိုက်စမ်းပါ"

"အေး စိတ်ချ သတ်မှာ ဒါမဲ့ အခုချက်ချင်း
သတ်ရင် ဘယ်ကောင်းမလဲ ဖြေးဖြေးခြင်း
ညှင်းသတ်တာပေါ့ နော် "

ရီဖန် မျက်ရည်တွေနဲ့သူ့ကိုနာကြည်း
စွာစိုက်ကြည့်မိနေတော့

"ဟက် ငိုတယ်? ဘာလဲ ကြောက်နေပြီလား
သူများယောင်္ကျားကို ကြောင်တောင်နှိုက်
မိတာ နောင်တရနေပြီလား"

"ကျနော်ငိုတာ ကြောက်လို့မဟုတ်ဘူး
ဆယ်ဟွန်းတွက် စိတ်မကောင်းလို့ သနားမိ
လို့ နားလည်လား!"

ဆယ်ဟွန်းနာမည်လည်းကြားရော ချန်းယောလ် သူ့နားတဖန်အ
ပြေးကပ်လာကာ
ခေါင်းကိုဆွဲမော့ပြန်သည်

"မင်းက ဘာလို့ အချစ်တွက် စိတ်မကောင်းရတာလဲ ဘာလို့သနားရတာလဲ
မင်းမှာအဲ့လိုစိတ်ဖြစ်ပိုင်ခွင့်မရှိဘူး!"

"ရှိတယ် ကျနော်က သူ့သူငယ်ချင်း
ကျေးဇူးပြုပြီး ကျနော်ကိုလွှတ်ပေးပါ
ပတ်ချန်းယောလ် "

Infatuated LOVE [Completed]Where stories live. Discover now