part-4

3.1K 419 17
                                    

"​ဖေ​ဖေ သက်​သာရဲ့လား??"

ဆယ်​ဟွန်း ​ဖေ​ဖေနဖူး​ပေါ်က​ချွေး​စ​တွေကို
သေချာဖိသုတ်​​ပေးရင်း​မေးလိုက်​၏...

"ရင်​ဘတ်​​တွေ​အောင့်​​နေတယ်​ သားရယ်​"

"သား သားဆရာဝန်​သွား​ခေါ်​ပေးရမလား
ဖေ​ဖေကြည့်​ရတာ အားမရလိုက်​တာ"

"မကြာခင်​သက်​သာသွားမှာပါ
ဖေ​ဖေခဏအိပ်​လိုက်​မယ်​"

"ဟုတ်​ အဲ့ဆို သား သူ​ဌေးကြီးဆီ
ဖေ​ဖေ​နေမ​ကောင်းတဲ့အ​ကြောင်း
သွား​ပြောပြလိုက်​အုံးမယ်​"

"အင်း သား ရိုရို​သေ​သေ​ပြောခဲ့​နော်
တခြားဘာမှမစပ်​စုခဲ့နဲ့ "

"ဟုတ်​ အိမ်​​တော်​ထိန်းကြီးကို
အရင်​​ပြောပြလိုက်​မယ်​"

ဖေ​ဖေ​မော​နေတာ​ကြောင့်​ ဆယ်​ဟွန်း
ဆက်​မ​ပြော​တော့ပဲ ဟိုဘက်​အိမ်​ကြီးဆီသာ
အ​ပြေးထွက်​ခဲ့၏....

မ​နေ့ကအလုပ်​ပြန်​လာကတည်းက အိပ်​ယာ​ပေါ်ဗုန်းဗုန်းလဲသွားတဲ့​ဖေ​ဖေ.....

အခုမနက်​လင်းထိမသက်​သာ​သေးဘူး
ဒါကိုအလုပ်​သွားမယ်​​ပြောလို့ ဆယ်​ဟွန်း
မနည်းတားထားရတာ....

အိမ်​ကြီးဆီ​ရောက်​​တော့ အိ​မ်​​တော်​ထိန်းကြီးနဲ့အ​ပေါက်​ဝမှာပဲ​တွေ့တယ်​​လေ...

"ဟင်​? ဆယ်​ဟွန်နီး ဘာလာလုပ်​တာလဲ?"

"ဟုတ်​ သား​ဖေ​ဖေ​နေမ​ကောင်းလို့
အဲ့​ဒါ​ကြောင့်​ သူ​ဌေးကြီးကိုလာ​ပြောပြတာ"

"​အော်​~ လာ​လေ သူ​ဌေးကြီး အထဲမှာရှိ​တယ်​"

အိမ်​​တော်​ထိန်းကြီး​ခေါ်ရာ​နောက်​ ကုပ်​ကုပ်​​လေးလိုက်​သွားမိ၏...

"သူ​ဌေး ဒီမယ်​ ဒါရိုက်​ဘာအိုသား​လေးက
သူ​ဌေးနဲ့​တွေ့ချင်​လို့တဲ့"

"​အေး ​ခေါ်ခဲ့​လေ"

မနက်​စာစား​နေပုံရတဲ့ သူ​ဌေးကြီး နဲ့
အကိုကြီးချန်း​ယောလ်​~

သူ​ဌေးကြီးကသာပြုံး​နေ​ပေမဲ့
အကိုကြီးချန်း​ယောလ်​က သူ့ကိုတချက်​ပဲ
မော့ကြည့်​လာ၏.....

Infatuated LOVE [Completed]Where stories live. Discover now