"သူတို့က ငါတို့ကိုထောက်လှမ်းနေတာပဲ ရှင်းရှင်းပြောရရင် ဖေးရန်ရဲ့သိက္ခာကိုချချင်နေတာ"

"ဆိုတော့ နောက်ကွယ်က ကြိုးကိုင်တဲ့သူက ရှောင်ကလန်ကလား"

"မဟုတ်ဘူး ဖေးရန်နဲ့စေ့စပ်မယ်ဆိုတဲ့ မင်းသားငါးပဲ"

"ကြည့်ရတာ ရှောင်ချင်းလင်အကြံပါလိမ့်မယ်"

"သူတို့အားလုံးကို သတ်လိုက်ရမလား"

"မလုပ်နဲ့ ရန်အာက သူ့ကိစ္စကို ငါတို့ဝင်ပါတာ ကြိုက်မှာမဟုတ်ဘူး ပြီးတော့ ရန်အာကို ဒီနေရာကခေါ်ထုတ်သွားဖို့က သူ့ကလန်ရဲ့လုပ်ရပ်ကို မြင်တတ်ဖို့်ပဲ....ယွမ်ရှန့် ငါ့မှာအကြံတစ်ခုရှိတယ် "

ယွမ်ရှန့်အား မင်ထျန်းလော့အကြံတိုင်း ခေါင်းညိတ်လက်ခံလိုက်ပြီး သဘောတူလိုက်သည်၊ထိုနောက် ရှောင်မုကို ရန်အာနိုးတာနဲ့ ဂျင်ဆင်းစွပ်ပြုတ်တိုက်ရန် မှာခဲ့လိုက်သည်၊

-----------------

ဝမ်ဖေးရန် သူနိုးလာတော့ ခေါင်းအုံခဲမည်ဟု ထင်ခဲ့ပေမယ့် ထူးဆန်းစွာ ဘာမှမခံစားရချေ၊အေးလေ ဒီလောက် သေရည်နဲ့ ဘာကြောင့်ဖြစ်ရမှာလဲ

"သခင်လေး ဒီမှာ သခင်လေးမင်ထျန်းလော့က သခင်လေးအတွက် ဂျင်ဆင်းစွပ်ပြုတ်ရည်တဲ့ သောက်ဖြစ်အောင် သောက်လိုက်ပါအုံး"

ကြွေဇလုံထဲရှိ အငွေ့တထောင်းထောင်းနဲ့ ရွှေရောင်သန်းနေသည့်အရည်များကို ကြည့်ပြီး တစ်ချက်ထဲမော့သောက်လိုက်သည်၊လည်ချောင်းကနေတစ်ဆင့် စီးဝင်သွားသည့် ပူနွေးတဲ့အရည်များနဲ့အတူ ချီဓာတ်အချို့ကိုပင် ခံစားနေရသည်၊ဒီဆေးရည်က တကယ် ကောင်းတာပဲ နောက်တစ်ခါ လော့ကောကောဆီက ခဏခဏတောင်းသောက်ရမယ်

[System: ဘယ်အဓိကဇာတ်ကောင်မှ နင်လိုငတ်မနေဘူး ကိုယ့်ဘာသာကြိုးစားရှာမယ် မတွေးဘူး]

'သူတို့က ငါရဲ့အနောက်ဆောင်က ငါရဲ့လင်လင်တွေလေ သူတို့ပိုင်ဆိုင်သမျှက ငါ့ဟာပဲကို'

[System: ....]

"ရပြီ သွားတော့ ဘယ်ဧည့်သည့်လာလာ ငါ မအားဘူးလို့ ပြောလိုက်"

"ဟုတ်ကဲ့ သခင်လေး"

ရှောင်မု ထွက်သွားမှ ခုနက သူကိုယ်ထဲစီးဆင်းနေသည့် ချီစွမ်းအင်များကို ဒျန်တျန်ကိုပို့ရင်း အနီအနားကချီစွမ်းအင်များကိုပါ စုပ်ယူလိုက်သည်၊ှဒျန်တျန်ထဲမှာ သေးငယ်တဲ့အပြာရောင်အလုံးလေးများဟာစုစည်းသွားပြီး အနည်းငယ်ကြီးထွားလာသလို ခံစားရသည်၊ဒါပေမယ့် ချီသန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ ခက်ခဲနေဆဲပေ၊ဒီဂျင်ဆင်းမှာ ပါဝင်တဲ့ချီစွမ်းအင်များဟာ သူရဲ့ချီအစပျိုးခြင်းအထွတ်အထိပ်ကနေ နောက်တစ်ဆင့်ကို တက်ဖို့ မဖြစ်နိုင်သေးပေ၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now