မင်ထျန်းလော့လည်း ရီယွမ်ရှန်တို့နဲ့အတူ လိုက်ရင်း သူရဲ့တိမ်မှိုန်ရောင်မျက်ဝန်းများဟာ ချင်အိုရန်ပေါ်ဖြတ်သန်းသွားတဲ့ခဏမှာ မုန်းတီးရွံရှာတဲ့အကြည့်တွေပါဝင်ခဲ့သည်၊ သူတိုတွေထွက်သွားမှ ခန်းမဆောင်ထဲကျန်ခဲ့သည့် လူတစ်စုလည်း ပျော်ရွှင်လွန်းတာကြောင့် ပါးစပ်နားရွက်ချိတ်မတတ်ပေ၊အန့်ရှကောင်းကင်ဂိုဏ်းရဲ့အပြင်စည်းတပည့်ဆိုတာ ကြားတော့တာ အရေးမပါပေမယ့် အခြားကျောင်းတော်နဲ့ဂိုဏ်းတွေနဲ့ယှဉ်ရင် အတွင်းစည်းတပည့်လောက်ပင် အရေးပါလွန်းသည်၊သူတို့ရှောင်အိမ်တော်ဟာ ကံကောင်းမှုတွေ ဆက်တိုက်ပဲ၊မကြာခင် ထျန့်လျန်နယ်မြေမှာပင် ကျော်ကြားတော့မည်ဖြစ်သည်၊ ၁၅နှစ်အောက်ကလေးနှစ်ယောက်ကို ရွေးချယ်ရန့် ရှောင်သခင်ကြီးဟာအကြီးအကဲအချို့ကိုခေါ်ကာ ထွက်သွားတော့တာကြောင့် အိမ်ရှေ့စံမင်းသားလည်း ယနေ့ဖြစ်ပျက်သမျှကို သူရဲ့ခမည်းတော်ကြီး စာပို့အကြောင်းကြားရန် ထွက်သွားတော့သည်၊ ခန်းမဆောင်ထဲတွင် ရှောင်ချင်းလင်နဲ့ချင်အိုရန်သာ နောက်ဆုံးကျန်ခဲ့ပြီး

"အကိုအိုရန်..." ရှောင်ချင်းလင်ဟာ အခုထိကြမ်းပြင်ပေါ်ဒူးထောက်ထိုင်နေဆဲဖြစ်သည့် ချင်အိုရန်ကို စိတ်ပျက်စွာကြည့်လိုက်ပေမယ့် အသံချိုချိုလေးနဲ့ခေါ်လိုက်သည်၊

ထိုအချိန်မှ ချင်အိုရန်ဟာသတိပြန်ဝင်လာပြီး
သူကိုနွေးထွေးစွာပြုံးပြနေသည့် ရှောင်ချင်းလင်ကို မြင်တော့ သူလည်းမတ်တပ်ရပ်လိုက်ပြီး ပြန်မေးလိုက်သည်၊

"ချင်းလင် ဘာဖြစ်လို့လဲ "

"အကိုအိုရန် အခုလို အရှက်ကွဲခံရတာကို ကလဲ့စားချေဖို့နည်းလမ်းရှိတယ်"

ရှောင်ချင်းလင်ရဲ့စကားကြောင့် သူဘေးပတ်ဝန်ကျင်ကိုပတ်ကြည့်လိုက်ပြီး ဘယ်သူမှမရှိဘူးဆိုတာ သေချာမှ ခုနကဖြစ်ရပ်ကို ပြန်တွေးမိကာ၊ဒေါသတကြီးဖြစ်မိသည်၊သူချင်အိုရန်ဆိုတာ မွေးဖခင်ကိုတောင် ဒူးထောက်ဖူးတာမဟုတ်ဘူး၊ယခုလို အတင်းအကျပ်ဒူးထောက်ခံရသည့်ကိစ္စဟာ သူ့ဘဝမှာ ပြန်မဖျက်နိုင်တော့တဲ့အမဲစက်လိုပဲ၊ အဲ့ကောင် ရီယွမ်ရှန့်က ဘာများထူးပြီးတော်သွားလို့လဲ၊ ကံကောင်းမှုလေးနည်းနည်းနဲ့ အန့်ရှကောင်းကင်ဂိုဏ်းမှာအကြီးအကဲ ဖြစ်နေပြီး မောက်မာနေတဲ့ကောင်!

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Opowieści tętniące życiem. Odkryj je teraz