"မြင့်မြတ်လှတဲ့အကြီးအကဲ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ!! မင်းသားလေးက ငယ်သေးတာကြောင့် ထိုစကားကို စိတ်ထဲမထားပါနဲ့!!" ထိုနောက် အကြီးအကဲယွမ်ရှန့်ဟာ သူ့သားပေါ်လည်း ဂရုစိုက်တာကြောင့်

"ပြီးတော့ ဒီမင်သားလေးက ကျွန်တော့်သားငယ်လေးရှောင်ဝေ့ရန်နဲ့စေ့စပ်ထားသူပါ ဒါကြောင့် သားငယ်မျက်နှာကိုထောက်ထားပြီး ခွင့်လွှတ်ပေးပါ"လို့ ပြောဆိုလာတော့သည်၊

"...." ထိုသို့ပြောရင် အဆင်ပြေသွားမယ်ထင်ပေမယ့် ပိုမိုအေးစက်လာသည့်လေထုကြောင့် သူတို့တွေအကုန် ကြောက်ဒူးတုန်နေကျတော့သည်၊ရှောင်ချင်းလင်လည်း ခုနကနဲ့မတူ အေးစက်သွားတဲ့ ရီယွမ်ရှန့်ကိုကြည့်ရင်း အနည်းငယ်သဘောပေါက်သွားကာ အောက်နူတ်ခမ်းကို ဖိကိုက်ရင်း ရှောင်ဝေ့ရန်ကိုမုန်းတီးစွာစိုက်ကြည့်မိလိုက်သည်၊

"ယွမ်ရှန့် ငါ မင်းကို အရက်လိုက်တိုက်မလို့လေ...မလိုက်တော့ဘူးလား" ဝမ်ဖေးရန်ဟာ ရှောင်မိသားစုရဲ့အဖြစ်အပျက်ကို လှောင်ရယ်မောခြင်းမလုပ်ပေ၊ အမှန်တော့ စိတ်ကိုမဝင်စားချေ၊ဒါပေမယ့် ရှောင်ဝေ့ရန်အပေါ်လုပ်တဲ့သူတွေကိုတော့ လွယ်လွယ်မသေစေချင်တာကြောင့် ယွမ်ရှန့်ဒေါသကနေလွတ်အောင် ကူညီပေးလိုက်သည်၊

"ဟုတ်သား သွားကျမယ်လေ " ချက်ချင်းပြောင်းလဲသွားတဲ့လေထုကြောင့် အကုန်လုံးအသက်ရှူချောင်သွားပြီး အံ့လည်းအံ့သြမိသွားသည်၊ရှောင်ကလန်ဟာ ရှောင်ဝေ့ရန်ရဲ့ Piao Yuနဂါးဝိညာဉ်ကြောင့်သာ ကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့ပြီး အရင်နှစ်တွေတုန်းက ခွေးတစ်ကောင်ရဲ့နေထိုင်မှုတောင် ရှောင်ဝေ့ရန်ထက်သာသေးသည်၊အခုလို အခြေအနေမျိုးမှာ ရှောင်ဝေ့ရန်သာ အကြီးအကဲယွမ်ရှန့်ပေါ် တိုင်လိုက်ရင် ရှောင်ကလန်ပျောက်ကွယ်သွားမည်ဖြစ်သည်၊ဒါပေမယ့် ရှောင်ဝေ့ရန်ဟာ သူတို့ကို ကာတောင် ပေးလိုက်သေးသည်၊ တုံးအလွန်းတာပဲလား၊

"သြော်... ရန်အာက ဒီအကြီးအကဲရဲ့အသက်ကို ကယ်တင်ခဲ့တာကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ရှောင်ကလန်က ၁၅နှစ်အောက်ကလေးနှစ်ယောက်ကို အန့်ရှကောင်းကင်ဂိုဏ်းရဲ့အပြင်စည်းတပည့်အဖြစ်လက်ခံပေးမယ်"ပြောရင်း မထွက်သွားခင် ချင်အိုရန်ပေါ်ကို မနာလို၊စိတ်ပျက်တဲ့မျက်ဝန်းများနဲ့ကြည့်ကာ ရန်အာနောက်လိုက်သွားသည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now