Extra..

721 34 2
                                    

သူ

🌸pann

Extra..

ပြောတော့ လေးနာရီ ပန်းပင်တွေကို မနုတ်တော့ဘူးလို့ ပြောပြီး အခု ဟိုဘက်အိမ်ရော ဒီဘက်အိမ်ကရော နန်းမြတ် အပင်ပန်းခံပြီး စိုက်ထားတာတွေ အကုန် နုတ်ပစ်လိုက်တယ်တဲ့.. ။

နန်းမြတ် အိပ်ပျော်နေတုန်း သူလုပ်သွားတာလေ.. အခု မေချို ကိုမေးတော့ သူ့လက်ချက်တဲ့

တွေ့မယ် ငါနဲ့..

" စစ်သွေး.. ဟိဏ်းစစ်သွေး "

" ..... "

" စစ်သွေး "

" ဘာဖြစ်လို့ အဲ့လောက် အော်နေရတာလဲ..ဘာလဲ "

" နင် ပန်းပင်တွေ ဘာလို့နုတ်လိုက်တာလဲ.. "

" ခြံထဲ ခြုံတွေရှုပ်နေလို့ ရှင်းလိုက်တာ.. အခုကြည့် အိမ်ဘယ်လောက် သန့်လိုက်သလဲ "

" ဟဲ့ ငါသေချာ ဘောင်ခတ်ပြီးစိုက်ထားတာ.. ဘာလို့ ခြုံ ဖြစ်ရမှာလဲ "

ဟုတ်တယ်.. နန်းမြတ် ဖြစ်စလို စိုက်ထားတာ မှမဟုတ်တာ သေသေချာချာ လေးရှင်းလင်းပြီး ဘောင်ခတ်စိုက်ပျိုးထားတာပါလေ ။

ဒါကို ခြုံ တွေရှုပ်လို့ဆိုပဲ..

" မသိဘူး.. ငါ့မျက်စိထဲ ရှုပ်နေရင် ခြုံပဲ "

" အပိုမပြောပါနဲ့.. နင်အဲ့အရွက်ပြုတ်ကို မသောက်ချင်လို့ မဟုတ်လား "

" ....... "

သိနေသားနဲ့ လေကုန်ခံမေးနေသေးတယ်.. ။

ဟုတ်တယ် ဟုတ်တယ်.. အဲ့ စိမ်းဖန့်ဖန့်အနံ့ ကြီးကို မကြိုက်ပါဘူး အနံ့ကြီးက အော်ဂလီတောင်ဆန်တယ်

အော့.. တွေးရင်း အန်တောင်အန်ချင်လာတယ် ။

အနံ့ကြီးက ပါးစပ်ထဲ ပြေးနေသလိုလိုကြီး.. အော့

မဖြေဘူးပေါ့.. ဆိတ်ဆိတ်ငြိမ်ခံခြင်းက ဝန်ခံခြင်း မည်၏တဲ့ ကောင်စုတ် ရဲ့..

" နင်က ငါ့စေတနာကို အခုလို ဖျက်လိုဖျက်ဆီး လုပ်လိုက်တယ်ပေါ့.. "

ဟော.. ပြောပြောဆိုဆို နဲ့ နန်းမြတ်က ဆိုဖာခုံမှာ ကျွန်တော့်ကို ကျောပေးပြီး ထိုင်နေပြီ ။

သူWhere stories live. Discover now