Part (7)

244 26 1
                                    

သူ

🌸pann

Part (7)

မေဂျာအိုတူးက လစ်မစ် အိပ်ဇစ် ရှိမရှိ..အင်ဖနတီနား ချဉ်းကပ်တာ တွေနဲ့ ။

ဒီမေဂျာအိုတူးကို လိုက်နာဖို့အတွက် မခက်ခဲ..

အိုဝမ်းလည်း အခု true true.. true false တွေကို ပိုင်ပိုင်နိုင်နိုင် ရနေပြီ အေးဆေးသာသာယာယာပဲ ။

အဲ.. အဲ့လို တွေးကာမှ တည်ငြိမ်လွန်းတဲ့ နန်းမြတ် ဘဝကို စိုင်း(sin) အချိုး ကော့ (cos) အချိုးတွေက ဝင်နှောင့်ယှက်မွှေပြန်ပါပြီရော.. ။

သတ်မယ့်သတ် နှစ်ဘာသာလုံး လူကိုတစ်ခါထဲ သတ်တယ်..

ဆယ်တန်းတုန်းက မနီမနီ ထ ထ.. ထ ထ နီမ နီမ နဲ့အော်ဆိုခဲ့ရတာလေ ။

အခုကျ.. sin အချိုး ဘာလဲဆိုရင် အဂျင့်ဆန့် ကို ဟိုင်ပိုတန်းနျူ့ နဲ့စား.. တဲ့

နားတော့ လည်တယ်တယ် ရှိပေမယ့် တန်းခနဲဒေါက်ခနဲ မပြောနိုင် ။

Sin မေးရင် မျက်နှာချင်းဆိုင်အနားကို ထောင့်မှန်ခံ အနားလို့ ဗမာလိုပဲပြောတတ်သည်.. အင်္ဂလိပ် လို ဒေါက်ခနဲမပြောနိုင်

ဒါကိုလည်း သင်နေရင်း စိတ်ဓာတ် က ဟိုးအဝီစိထဲ ကျနေပါတယ်ဆိုမှ မဆွဲကူတဲ့အပြင် ပိုနစ်အောင် လုပ်တဲ့ ဒစ်ဖရန်ရှိတ် ဆိုတာကြီးက အသေပါသတ်ရော..

ရေနစ်သူ ဝါးကူထိုးတယ်ဆိုတာ ဒါမျိုး ။

ကိုယ့်မှာ မနည်း မှောက်လျားထိုးလဲကျမတတ် လိုက်နေရတာပါလေ..

ရှေ့ထားနောက်ရှိတ် နောက်ထားရှေ့ရှိတ်ကြားထဲမှာ ရှေ့လည်းမလိုက်နိုင် နောက်လည်းမရောက်နိုင် အလယ်မှာ တစ်လစ်ပြတ်ကျန်ခဲ့ရတာ.. ဒါမှန်းသိ ဆယ်တန်းတုန်းက သေချာလိုက်နားထောင်ပါတယ် အခုတော့ ဗြန်းဗြန်း ကွဲပြီ ။

ဒါကို ဆရာမကလည်း အားပေးရှာပါတယ်.. ဒစ်ဖရန်ရှိတ် ပိုင်အောင်ကြည့်တဲ့ သူ့ပြောင်းပြန် အင်တီဂရယ်က လာဦးမယ်တဲ့..

စစ်ပွဲရောက်နေသူကို စစ်သွေးကြွအောင် ဆရာမ စွမ်းဆောင်လိုက်လေသလား.. နန်းမြတ်တို့က ဘုရင့်နောင်လို ဖောင်ဖျက်တိုက်နေမှာ မဟုတ်ဘူး ..တစ်ဖက် ကမ်းစပ်ထိ ရောက်အောင် ပြန်ကွေ့ပြီးမှ ဖောင်ဖျက်မယ့် ရာဇဝင်ငကြောက်သွေး

သူWhere stories live. Discover now