Part (19)

251 22 0
                                    

သူ

🌸pann

Part (19)

" နင်ကဘာလုပ်နေတာလဲ.. သွားအိပ်တော့လေ"

နန်းမြတ်က သူ့ကုတင်မှာ အသာလေးဝင်ထိုင်နေတာကို အတင်းနှင်လွှတ်နေတဲ့ သူ့ကြောင့်.. နန်းမြတ်မှာ ပိုစချင်လာတာလေ ။

နန်းမြတ် ကုတင်ပေါ် ခြေထောက် နှစ်ဖက်လုံး တင်ထိုင်ပြလိုက်သည်..

" ဟိုမှာ သွားအိပ်တော့.. "

သူက အနောက်ကိုဆုတ်ပြီး နန်းမြတ်ကို တွန်းလွှတ်နေသည်.. ။

နင်ကတော့နော်..

တစ်ခါထဲ နန်းမြတ် သူ့ဘေးနား ဝင်လှဲအိပ်ပြီး သူခြုံနေတဲ့ စောင်ထဲဝင်လိုက်သည်

ကျွန်တော် နန်းမြတ်လုပ်ပုံကြောင့် မျက်လုံးတွေတောင် ပြူးကျယ်ရပြီ.. ။

" နင်ဘာလုပ်တာလဲ နန်းမြတ်သီရိ.. "

" အိပ်တော့.. ငါလည်း အိပ်ပြီ "

နန်းမြတ် သူ့ခါးကို ဖက်ပြီး သူ့ရင်ခွင်ထဲ မှာအိပ်လိုက်သည်.. ။

အခုလို လုပ်ရတာကလည်း သူ့လက်မှာအပ်တွေ မစိုက်ထားရတော့တာကြောင့် လေ.. မဟုတ်ရင် သူလှုပ်ရှားမိတာနဲ့ သွေးတွေ ထွက်မှာ စိုးရိမ်နေရမှာလေ..

ကျွန်တော့်ခါးကို ပိုင်ပိုင်နိုင်နိုင် ဖက်ပြီး ရင်ခွင်ထဲ အတင်းခေါင်းတိုး ဝင်လာတဲ့ နန်းမြတ်မ ကြောင့် ရင်ခုန်သံတွေ ကပြောင်းကပြန် ဖြစ်ရပြီ ။

ဒီခွေးမလေးနဲ့တော့ ခက်သား..

" နန်းမြတ် ကိုယ့်နေရာကိုယ် သွားပြန်အိပ်စမ်းပါ.. "

" ...... "

" နန်းမြတ်သီရိ.. သွားအိပ်လို့ "

ကျွန်တော် အားပါပေမယ့် အားမရှိတဲ့ အားနဲ့သူ့ကို တွန်းနေမိတာ.. ။

" နန်းမြတ်သီရိ ငါပြောနေတာ မကြားဘူးလား.."

ဟုတ်တယ်.. ကိုယ်က စကားတွေပြောနေသလောက် သူကအေးဆေးတည်ငြိမ်နေတာမို့ ဒေါသက ထွက်ရပြီ ။

" အိပ်စမ်းပါ စစ်သွေးရယ်.. "

" နင်က ဖယ်လေ.. "

မဖယ်တဲ့အပြင်ကို ပိုအားထည့်ပြီး ဖက်လာတဲ့ နန်းမြတ်..

" နန်းမြတ်သီရိ "

သူWhere stories live. Discover now