Part (10)

228 26 2
                                    

သူ

🌸pann

Part (10)

" ကေဇင်.. နန်းမြတ် မပါဘူးလား "

" ဟမ်.. နန်းမြတ်က ငါ့ရှေ့က ထွက်သွားတာလေ "

" ဟင် ငါမတွေ့ပါဘူး.. "

" ငါ့ရှေ့က ထွက်သွားတာ.. အခန်းထဲမှာ မရှိတော့ ဘူး "

" ကျစ်.. "

စိတ်တောင် ရှုပ်သွားရသည်.. ။

ဒီရှေ့မှာ ရပ်နေတာ ဘယ်ချိန်ကထွက်သွားလိုက်မှန်း မသိမိတဲ့ ကိုယ့်ကိုယ်ကိုလည်း ဒေါသထွက်ရသည်..

ကိုယ်ဒီမှာ စောင့်နေမယ်ဆိုတာ သိသိရဲ့နဲ့ အနားရောက်မလာတဲ့ နန်းမြတ်မ ကိုလည်း စိတ်တိုမိသည်.. ။

" ကျစ်.. ဖုန်းကိုင်စမ်းပါ နန်းမြတ် "

စစ်သွေး ဖုန်းခေါ်နေလည်း မကိုင်တဲ့ဖုန်းကြောင့် ဒေါသက အထွတ်ထိပ် ရောက်လာရပြီ.. ။

" ဖုန်းကိုင်စမ်း နန်းမြတ်.. "

မျက်လုံးက ကျောင်းသားကျောင်းသူတွေကြား နန်းမြတ်ကို ရှာနေရင်းက နန်းမြတ်ဆီ ဖုန်းဆက်နေတာ.. ဖုန်းကဝင်ပြီး မကိုင်တော့ စိတ်တိုရသည်

" ဟယ်လို.. "

ကြားချင်တဲ့အသံလေး ကြားတော့မှ လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်ကာ ဖုန်းထဲကအသံလေးကို နားစွန့်မိသည်.. ။

" အခု ဘယ်မှာလဲ.. "

" ကားနားမှာ "

" ကျစ်.. တီ "

စစ်သွေး ဖုန်းချပြီး ပြေးသွားမိသည်.. ။

တွေ့မယ်..နင်

ဟော တွေ့ပါပြီ.. ကားနားမှာ ငုတ်တုတ် လေး ထိုင်နေတဲ့ နန်းမြတ် ။

" နင် ဘာလုပ်သွားတာလဲ.. "

ကျွန်တော် နန်းမြတ်ဆီ အပြေးသွားပြီး သူမ လက်လေးကို ဆောင့်ဆွဲယူကာ အံကြိတ်မေးလိုက်သည်..

" အာ့.. ဘာလဲ "

ဆတ်ခနဲမို့ လက်လေးနာသွားတဲ့အပြင် နဂိုကမှ ငိုချင်ရဲ့လက်တို့ ဖြစ်နေတော့ နန်းမြတ် ငိုမိသည်.. ။

" ဟ.. ဘာဖြစ်တာလဲ "

ကိုယ်က သူ့ကို စိတ်ဆိုးရမှာ ဆိုပေမယ့် အခုသူက ဆီးပြီးငိုနေတော့ ကျွန်တော့်မှာ ဘာမှမလုပ်တတ်.. ။

သူUnde poveștirile trăiesc. Descoperă acum