Part (17)

240 25 0
                                    

သူ

🌸pann

Part (17)

အိပ်ပျော်နေတဲ့ စစ်သွေးရဲ့နဖူးကို နန်းမြတ် အသာလေးနမ်းလိုက်သည်.. ။

ငါကနင့်ရဲ့အသက်ဆို နင်ကလည်းငါ့ရဲ့အသက်မို့ ငါတို့အတူတူ ကြိုးစားတိုက်ဖျက်ရအောင်ပါ.. စစ်သွေးရယ်

ညနေပိုင်းကျ နန်းမြတ်ကို အဖေက လာခေါ်သည်.. ရေချိုးဖို့တဲ့ အစကတော့ ငြင်းလိုက်ပေမယ့် စစ်သွေးနား ချွေးနံ့ကြီး ထွက်နေရင် မကောင်းဘူး သူနံနေမယ်ဆိုလို့ နန်းမြတ်အိမ်ခဏပြန်ရသည်.. ။

အိမ်ရောက်တော့ ရေချိုးကာ တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ပြီး အဝတ်လဲကာ ဆေးရုံသို့ပြန်သွားရမည်.. မနေ့ကတော့ ရုတ်တရက်ကြီး အဖေတို့နောက် ခိုးလိုက်သွားရတာမို့ နန်းမြတ်မှာဘာမှမပါသွားလိုက်

အခုတော့ ဖုန်းနဲ့ အားသွင်းကြိုး မမေ့အောင် ယူရသည်.. ပြီးအိပ်ဆောင် မှတ်စုစာအုပ်နဲ့ဘော့ပင်ထည့်ထားလိုက်သည် ပိုက်ဆံလည်း လိုလိုမယ်မယ် နည်းနည်းယူကာ အိတ်ထဲထည့်ထားရသည်.. တစ်ခုချင်းစီ သတိထားထည့်နေရတာ မဟုတ်ရင် မေ့ကျန်ခဲ့မှာစိုးလို့ ။

လိုအပ်တာတွေ ထည့်ပြီး စစ်သွေးမိဘနဲ့ နန်းမြတ်မိဘတွေကို နန်းမြတ်စကားပြောဖို့ ခေါ်ထားလိုက်သည်..

" သမီး အမေတို့ကို ဘာပြောမလို့လဲ.. "

" ပြောလေ သမီး.. အားမနာနဲ့ "

" နန်းမြတ် ကျောင်းနားချင်တယ် စစ်သွေးနဲ့အတူတူ.. "

" ဟင်.. "

မထင်ထားတဲ့စကား ကြားလိုက်ရလို့ထင်ရဲ့.. အားလုံး အထိတ်တလန့် ဖြစ်သွားကြသည် ။

" သိပ်မကြာခင် စာမေးပွဲ ရှိတယ်.. နန်းမြတ်မဖြေချင်တော့ဘူး ဖြေလည်းအောင်မှာမှ မဟုတ်တော့တာ နန်းမြတ်စာတွေနဲ့အကုန် အလှမ်းကွာနေပြီ "

" ....... "

လေးယောက်လုံးက ငြိမ်ငြိမ်လေး နားထောင်ပေးနေတော့ နန်းမြတ်စကားဆက်ရသည်..။

" ပြီး နန်းမြတ် ကျောင်းကို အကန့်သတ်မရှိ ကျောင်းနားထားချင်တယ်.. စစ်သွေး ကျောင်းပြန်တက်မှ နန်းမြတ်လည်းကျောင်းတက်မယ် သူမတက်ရင် နန်းမြတ်လည်း မတက်တော့ဘူး "

သူWhere stories live. Discover now