ချိုမြိန်သောဇာတ်သိမ်း

7.2K 481 17
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

ချို့မြိန်သော ဇာတ်သိမ်း

မြတ်လွန်းမာန်

လက်ဖျားများသည် အေးစက်နေသည်။ မနက်စောစောထကာ မျက်နာသစ်သွားတိုက်ပြီးတာနဲ့ ခုမိတ်ကပ်ဆရာမမာမီလူးဆိုတဲ့ ဆရာမက ထိုင်ကာ မိတ်ကပ်ပြင်ပေးရင်း ဆံပင်ကိုပြင်နေတာ ထိုင်စောင့်နေရသည်။ သူမမှာ ပြင်ပေးရင်း မိမိကိုချီးမွန်းခန်းဖွင့်နေတာ မပြီးနိုင်တော့ပါ။

"အမလေး ချောလိုက်တာ မောင်လေးရယ် သတိုးသမီးလေးကတော့ မြင်တာနဲ့ ကြွေကျမြေခတော့မှာ ဟင်း ဟင်း...."

စိတ်မရှည်ပေမယ့်လည်း မိတ်ကပ်ဆရာမလူးသည် လိမ်းရင်း အသားယူခြင်း တို့ထိခြင်း လုံးဝမရှိပါ။ မိတ်ကပ်သာပြင်စားနေသည် ကြည့်ရတာအင်မတန်ကို မိမိကိုယ်ကို မိမိဂုဏ်ကို စောင့်ထိန်းတန်ဖိုးထားသူမှန်း သိသာလှသည်။

ထို့ကြောင့်ထင်ပါတယ် ဆွေက တကူးတက ပြည်ဘက်ကတောင် ကားနဲ့အကြိုလွှတ်ပြီး ငုားခဲ့တာဖြစ်မည်။ တစ်ချို့လူတွေက မိတ်ကပ်ပြင်တဲ့ မိန်းမလျာတွေဆို နာခေါင်းရှူံသွားတတ်ကျသည်။ ကျွန်တော်တို့ မိသားစုကတော့ အဲလိုမဟုတ်ခဲ့သည်။

Lgbtမိသားစု ဖြစ်လို့ပဲလားမသိ သူတို့ပို နားလည်သည်။ သူတို့ပိုပြီး မိတ်ဖွဲ့တတ်ကျသည်။ သူတို့ကိုနားလည်လွယ်တာကြောင့် သူတို့နဲ့ မိတ်ဖွဲ့ချိန်မှာ ရှက်ရွံတာတွေ မရှိခဲ့။ အရမ်းအဆင်ပြေခဲ့သည်။ ရဲမူးကြီး ဒေါ်မေဆိုရင်လည်း ခွန်းနဲ့သိပ်ခင်သည်။

ရဲစခန်းကို ငယ်ငယ်ကတည်း တစ်ခါနှစ်ခါရောက်ပြီးကတည်းက ခွန်းနဲ့ ထိုရဲမူးယောက်ကလျာကြီးနဲ့ ခင်သွားသည်။ တဖြည်းဖြည်းကျွန်တော့်တို့ မိသားစုနဲ့ခင်လာကာ စိတ်ချင်းသူတဲ့ လူတွေမို့ ခင်မင်ခဲ့ကျတာ သူငယ်ချင်းရင်းချာများလိုပင်။

ကျွန်တော်တို့ ၈တန်းနှစ်မှာ ထိုရဲမူးကြီးဒေါ်မေ ဆုံးသွားရှာသည်။ စိတ်မကောင်းလည်းဖြစ်ရသည်။

"အမလေး ကိုလူချောလေး ဘာတွေးနေတာတုံး သတို့သမီးလေးကို တွေ့ချင်နေပြီမလား မာမီကို မှန်မှန်ပြောနော်....."

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now