အချစ်ရဲ့ တန်ဖိုးသည်

4.8K 469 1
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

အချစ်ရဲ့ တန်ဖိုးသည်

မြတ်ခွန်းမာန်

လယ်ကွင်းရဲ့ တာရိုးပေါ်မှ ရပ်နေမိသည်။ မျက်ဝန်းတစ်ဆုံး စိမ်းစိုသော လယ်ကွင်းပြင်ကြီးနဲ့ အနားသတ် သစ်ပင်အုတ်အုတ်ကြီးများနဲ့ တိမ်ပြာပြာတို့ လိုက်ဖက်စွာ လှပနေသည်။

ဘေးတွင်ရှိနေသော ကိုယ်ငွေ့လေးတစ်ခုကြောင့် မထိမတို့ပဲ နွေးထွေးမူ့ကို စပါးပင်စိမ်းများမှလာသော လေချိုချိုအေးအေးတို့ရဲ့ အအေးဓာတ်ကို အံတုနိုင်နေသည်။

ရင်မှဖြစ်သော ပျော်ရွှင်မူ့သည် ဘေးကလူသားမှ အရင်းခံဖြစ်တည်လာသော ပျော်ရွှင်မူ့မျိုးဖြစ်သည်။

ကျွန်တော်ရဲ့ မျက်ဝန်းများက လယ်ကွင်းပြင်တွေကို စိုက်ကြည့်နေပေမယ့် ကျွန်တော့်ရဲ့ လက်တစ်စုံက ဖြည်းဖြည်းချင်း အနားက လူသားရဲ့ နူးညံအိစက်သော လက်ချောင်းသွယ်သွယ်လေးတွေဆီ ကူးလူးလှုပ်ရှားသွားသည်။

ကျွန်တော်သည် သူ့ကိုမကြည့်ပဲ သူ့အပြုံးကို ခံစားနေမိသည်။ ကျွန်တော်ပြုံးလိုက်ကာ လေပြေနဲ့အတူ စကားတစ်ခွန်းကို တိုးညှင်းစွာ ဆိုလိုက်မိသည်။

"ကိုယ်မင်းကို လွမ်းနေတာ ဒယ်နီ...."

သူ့ဆီမှ ချိုသာသော ရယ်သံလေးတစ်ခုကို ကြားလို့ သူရှိရာ ကျွန်တော့်ဘေးသို့ လှမ်းကြည့်လိုက်မိသည်။သူသည် ကျွန်တော်ကို တောက်ပစွာပြုံး၍ မမှိတ်မသုံ စိုက်လို့ကြည့်နေသည်။ သူ့မျက်ဝန်းများမှ မေတ္တာဓာတ်သည် ကျွန်တော့်နှလုံးသားသို့ ရိုက်ခတ်လာသည်။

"ငါလည်း ခွန်းကိုလွမ်းနေတာ...."

ကျွန်တော်ပြုံးလိုက်မိသည်။ ဒီစကားသည် ကျွန်တော့်အတွက် ပျားရည်လိုချိုသည်။

"သုံးနှစ်ထက် ပိုကြာသွားလို့ ကိုယ့်ကို စိတ်မဆိုးဘူးလား....."

"မဆိုးပါဘူး....ငါ့အတွက်လည်း သုံးနှစ်ထက်ပိုပြီး အချိန်ယူရလို့ မင်းကိုနားလည်ပါတယ်ခွန်း....."

ကျွန်တော်အံအားသင့်စွာ သူ့ကို ကြည့်နေမိသည်။ ကျွန်တော့်ရဲ့ ငကြောက်လေးသည် သတိတွေရှိပြီး တည်ငြိမ်ရင့်ကျက်နေပုံက အရင်နဲ့မတူပေမယ့် ဆွဲဆောင်မူ့ရှိနေသည်။ စာရေးဆရာလေးရဲ့ တည်ငြိမ်မူ့မျိုးက ဒီလောက်ဆွဲဆောင်မူ့ ရှိစရာလို လို့လား လို့ ကျွန်တော်မေးခွန်းထုတ်နေမိသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now