လွန်းလေးရဲ့ ခိုးချသော သက်ပြင်းလေး

4.6K 452 4
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

လွန်းလေးရဲ့ ခိုးချသောသက်ပြင်းလေး

မြတ်လွန်းမာန်

ဟိုတစ်နေ့က တွေ့ခဲ့တဲ့ကိုသောင်းဖေက ဆေးရုံဘက်ကိုလာခဲ့ပါလို့ ချိန်းတာကြောင့် ကျွန်တော် အိမ်က ဒရိုက်ဘာအကူအညီနဲ့ဆေးရုံသို့ထွက်လာခဲ့သည်။ ကားပြတင်းပေါက်ကနေ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း ပြုံးမိသည်။

မနေ့ညက ကျွန်တော်အပါအဝင် တစ်အိမ်လုံးမှ ဒယ်ဒီအထိ အားလုံးပျော်ရွှင်နေကျသည်။ အားလုံးရဲ့ မျက်နာမှာအပြုံးတွေ ညကရောက်ရှိနေခဲ့သည်။

ခွန်းရဲ့အခြေအနေကလည်း သဘောမတူဘူးဆိုတာထက် ကြိုးစားရင်တူမယ်ဆိုတဲ့ သဘောမှာရှိသည်။ တွယ်တာမိုးဆိုတာ အန်တီကြီးအပေါ်မှာ မူတည်မနေလို့ ခွန်းအတွက်ကံကောင်းသွားရသည်။

ဒယ်ဒီသည် ဝမ်းသာနေပြီး ပြုံးရွှင်ချင်သောမျက်နာကို တည်ငြိမ်သောအသက်အရွယ်ကြောင့် အနည်းငယ်ထိန်းထားပုံကို ပြန်မြင်ယောင်မိသည်။ ဘယ်သောအခါမှာပဲ ဖြစ်ဖြစ် ဒယ်ဒီသည် ကျွမ်တော့်အတွက် စံပြပုဂ္ဂိုလ်ဖြစ်သည် ဒယ်ဒီသည် တည်ငြိမ်စွာနေထိုင်တတ်သူဖြစ်တာကြောင့် ပိုလို့ ပင်လေးစားရသည်။

ကျွန်တော် အဆိုတော် လုပ်ရမယ် သရုတ်ဆောင်ရမယ်ပြောတော့ ပါးပါးဆို ထခုန်မတတ်ဖြစ်ပုံက ကျွန်တော်အတွက် ထိုအလုပ်ကို လုပ်ဖို့ ပိုလို့ပင် တွန်းအားတစ်ခုဖြစ်စေသည်။

Blအနေနဲ့ ရိုက်ရမှာဖြစ်သလို သီချင်းဆိုလို့ MVရိုက်လို့ အဆင်ပြေရင် Blဇာတ်ကားပါရိုက်ရမယ်ဖြစ်ကြောင်း ပြောတော့ အားလုံးကစိုးရိမ်ကျသည်။ သူတို့အထိကဆးစိုးရိမ်ကျတာကတော့ ကျွန်တော့်ရဲ့ ချစ်မူ့ရေးရာကိုပင်ဖြစ်သည်။ လွတ်လပ်ခွင့်ဆိုတာသည်Idolဆ်ိုသော အနှပညာရှင်ဆိုသော ခေါင်းစဥ်အောက်တွင် ပျောက်ဆုံးမှာကို သူတို့ မလိုလားကျသည်ကို ကျွန်တော်ကြားသိရသည်။

သွန်းလေးဆို ကျွန်တော်အခန်းထိလိုက်ကာ မားဆွေနဲ့ အဆင်မပြေရင် ဘယ်လိုလုပ်မလဲမေးလာသည်။ အစဿျွန်တော်လန့်သွားရပေမယ့် ချစ်ရသူက သွန်းလေးကိုရင်ဖွင့်ထားဟန်ရှိသည်လို့ ထင်မိလို့ ငြိမ်နေမိသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now