အချစ်ဦးရဲ့ အချစ်နဲ့ ခနတာခွဲခွာခြင်း

6.7K 654 13
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ် ကလေးS-2

အချစ်ဦးရဲ့ အချစ်နဲ့ ခနတာ ခွဲခွာခြင်း

မြတ်သွန်းမာန်

အကိုဂျင်နဲ့တွေ့တိုင်း ခုန်လာတဲ့ ရင်တွေကို အမြဲတမ်းသတိထားမိလာသည်။ အကိုဂျင်အနားမှာနေတိုင်း သူမျက်နာကို မရဲတရဲ ခိုးကြည့်တတ်လာသည်။

အကိုဂျင်ရဲ့အပြုံးတွေကိုတွေ့တိုင်း တမေ့တမော ငေးကြည့်နေမိတတ်လာသည်။ အကိုဂျင်ကိုလည်း တဖြည်းဖြည်းသိသိသာသာ ချစ်တတ်လာခဲ့သည်။

အကိုဂျင် ကျွန်တော့်ကို သင်ပေးလိုက်တာက သိပ်ကိုများလွန်းသလို အကိုဂျင်သင်ပေးတဲ့ အချစ်သင်ခန်းစာတွေကို ကျွန်တော်ကျေကျေနပ်နပ်ကြီးကို သင်ယူလာနိုင်ခဲ့သည်။

မားဆွေဇင်က လည်း အရင်အပတ်တွေက ဖုနဆက်မေးတာ ဘာကြောင့်လဲ ဘယ်သူ့ကို သဘောကျနေတာလည်း မေးနေတယကြောင့် မရိပ်မိအောင် ရှောင်ပြေးနေရသည်။

အကိုဂျင်ရဲ့ မျက်လုံးမှေးမှေးလေးတွေမှ စူးစူးရှရှအကြည့်တွေ ပါးလပ်တဲ့ နူတ်ခမ်းပါးတွေက ပြုံးလိုက်ပုံတွေက ကျွန်တော်အား ရင်ခုန်သံမြန်စေသည်။

ညီအစ်ကိုဆိုတဲ့ ခေါင်းစဥ်အောက်မှာ တစ်ခါတစ်ရံ ကျွန်တော့်လက်လေးကို သူလက်နဲ့ဆုတ်ကိုင်လိုက်တိုင်း ကျွန်တော်ထိုခေါင်းစဥ်ကိုမုန်းမိသည်။ သို့ပေမယ့် ကျွန်တော့်ဘက်က တစ်ဖတ်သက်မို့ အပြစ်တော့မဆိုချင်။ ထိုခေါင်းစဥ်အောက်က ဂရုစိုက်မူတို့ကိုသာ ကျေကျေနပ်နပ် ခံယူနေမိသည်။

ဒီမနက်ပါးနဲ့ ဒယ်ဒီတို့က အကိုဂျင်နဲ့ စကားပြောနေကျသည်ကို ကြားလိုက်မိသည်။ မပြန်ပါနဲ့ တောင်းဆိုလို့ မရပေမယ့် အကိုဂျင်နောက်တစ်ပတ်ဆိုပြန်တော့မှာဖြစ်သည်။

ဟူးးးရင်ထဲကခံစားချက်တွေက ကျွန်တော့်အပေါ် စောစောစီးစီး ဖြစ်လာခဲ့တော့ စောစောစီးစီး နာကျင်စေရသည်။ အကိုဂျင်ငယ်ငယ်ကလို ထွက်သွားပြီး ပြန်မလာတော့ရင် ဆိုတဲ့ အတွေးက တစ်နေ့လုံးကို ဆက်တိုက်ဝင်ရောက်လာသည်။

ဟိုရောက်ရင် အကိုဂျင်က သူ့ရည်စားနဲ့ တွေ့ရတော့မှာမို့လို ပျော်နေတယ်ထင်သည်။ တစ်မနက်လုံးပြုံးရွှင်နေတော့သည်။ ပထမဆုံးချစ်မိတဲ့ မဖြစ်နိုင်တဲ့ ခေါင်းစဥ်အောက်က ချစ်ရသူအပြုံးတွေကို ဒီချိန်မှာတော့ ကျွန်တော်မကြည့်ချင်တော့ပါ ကျွန်တော်အတွက် ရင်တစ်ခုလုံးပူလောင်စေသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now