ကလေးဖေကြီးရဲ့ ကလေးထိန်းခြင်းအနှပညာ

5.2K 482 3
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

ကလေးဖေကြီးရဲ့ ကလေးထိန်ခြင်း အနှပညာ

မြတ်သွန်းမာန်

"သမီးရယ်မငိုပါနဲ့ ကွယ် ဖေကြီးစိတ်ညစ်လာပြီနော်....."

သမီးဟာ မွေးပြီး တစ်ပတ်ကြာတော့ အရမ်းငိုတတ်လာသည် ထို့ကြောင့် ဆရာဝန်ကို ဖုန်းဆက်လှမ်းမေးကြည့်ရသည်။ ဆရာဝန်က နေပြရမည် ဆိုလို့ မနက်စောစော ထွက်တဲ့နေကိုပြရသည်။

ဆရာဝန်မကြီး ပြောပြချက်အရ ကလေးတွေဟာ နေ့နဲ့ညမှားတတ်တာကြောင့် ညမှာ ဘယ်လောက်ပဲ နောက်ကျမှအိပ်ခဲ့ အိပ်ခဲ့ စောစောနေပြကာနိုးရမည်။ သူတို့ကို ဒါဟာမနက် ဒါဟာည မနက်မှာ ထညမှာအိပ်ဆိုတဲ့ အသိကလေး သတိကလေးရအောင် လုပ်ပေးခြင်းဖြစ်သည်။

လုပ်ပေးပြီး ခုဆို တစ်နှစ်ပတ်ကြာပြီဖြစ်ပေမယ့် ကလေးငိုနေတုံးဖြစ်သည်။ ထို့ကြောင့် ကိုကိုတင်မက ကျွန်တော်ပါ စိတ်ညစ်လာမိသည်။

သမီးကို မငိုအောင် ဘယ်လိုများလုပ်ကမလဲ မသိလောက်အောင်ကို ဖြစ်နေတော့သည်။ တစ်ခါတစ်ခါငိုလျှင် ချော့မရ ခုဆို ည၁နာရီရှိပြီဖြစ်သည်။

သူ့ဖေဖေဂျင်ကလည်း အလုပ်သွားရမှာ ဖြစ်တာကြောင့် အိပ်ခိုင်းလိုက်ရပေမယ့် မိမိမှာတော့ ရှုံးပွဲချ အော်ပြစ်လိုက်ချင်နေပြီဖြစ်သည်။

"ဟင့်....ဟင့်...အုဝဲ.......အုဝဲ... ဟင့်.... "

"အီးးးး သမီးလေးရေ ဖေကြီး စိတ်ညစ်လာပြီအော် အီးးး ဟီးးးး...."

"ဟမ်အရုပ်လေး...."

ကိုကို ကျွန်တော်တို့ သားအဖ ပြိုင်ငိုနေတာကို ကြားသွားလို့ထင်သည်။ ကုန်းထလာကာ ပြာပြာသလဲ ကြည့်နေသည်။ သမီးကငိုနေတာကြောင့် သူ့အခန်းမှာ မသိပ်ပဲ မိမိတို့ နှစ်ယောက်အိပ်ရာ ကုတင်မှာသာ ခေါ်သိပ်ရသည်။

"အရုပ်လေး...ကိုကိုကလေးလေး ဘာလို့ သမီးနဲ့ အပြိုင်ငိုနေတာ ဟမ်....."

ချော့လွန်းရင် ပိုငိုဆိုသလို ကျွန်တော့် ငိုသံမှာ သမီးထက် ပိုကျယ်လာတော့သည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now