"ငါနဲ့သူရဲ့ ခံယူချက်တွေကကွာ
လုံးဝဆန့်ကျင်ဘက်တွေ....
ငါလည်း တတ်နိုင်သလောက်တော့
ညှိကြည့်ပါတယ်....ဒါပေမဲ့ဟာ.....
သူဘယ်လောက် သဝန်တိုတိုကွာ
ငါသည်းခံနိုင်တယ် ....သူငါ့ကိုချစ်လို့ဖြစ်တာ...
ဒါပေမဲ့ ကြာလာတော့...
တဖြေးဖြေးလျော့လာရမဲ့အစား....
ပိုတောင်ဆိုးလာတယ်...
ငါ့မှာလဲ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာတွေရှိတယ်လေ
အခုကျတော့ ဘယ်သူနဲ့မှ
ဆက်သွယ်လို့တောင်မရအောင်ကိုကွာ....
ပြီးတော့....ငါ သူနဲ့အတူရှိနေရင်တောင်
အထီးကျန်နေသလိုခံစားရတယ်...
အခုလဲ....သူကပဲသောင်းကျန်းသွားပြီး
သူကပဲ အဆက်အသွယ်ဖြတ်သွားတယ်....
Miyan...Chaeng..ya....
စိတ်ပျက်ဖို့ကောင်းတယ်မလား ငါ့တို့အကြောင်းက
Lisa ရော မတွေ့မိပါလား ဒီနေ့ နင့်ဆီမလာဘူးလား"

JiSoo Unnie က တရစပ်ပဲ သူ့ခံစားချက်တွေကို
ပြောပြရင်း လက်ထဲက Beer ဘူးခွံအလွတ်ကို
ဆုပ်ခြေနေတာကြောင့်....
Chaeng နောက်တစ်ဘူးဖောက်ကာ...
သူ့ကိုပေးလိုက်သည်။

"Unnie သည်းခံနိုင်တာတွေရှိသလို
သည်းမခံနိုင်တာတွေလဲ ရှိမှာပဲလေ....
နှစ်ယောက်သား ပြေလည်အောင်သာနေကြပါ
Lisa. ..က ခနနေ လာမယ်ထင်တာပဲ...."

Chaeng ရဲ့စကားကို ခေါင်းတဆတ်ဆတ်ညိမ့်ကာ
နားထောင်နေပြီးနောက်
Chaeng ကို တစ်ချက်လှမ်းပြုံးပြလေသည်။

သူက မျက်ရည်တော့ မကျနေပေမဲ့....
ခံစားချက်တွေပြင်းထန်နေတာကြောင့်
မျက်ရည်တော့ အနည်းငယ်ဝဲနေပြီး...
ကောင်းကင်ကြီးကိုသာ ငေးမောနေလေသည်။

Chaeng...JiSoo unnieရဲ့ ဘေးတစ်ခြမ်းစောင်းမြင်နေရတဲ့
လှပလွန်းတဲ့ မျက်နှာလေးကို ငါးစက္ကန့်လောက်
ငေးနေပြီးမှ....

"Miyan...Unnie....တစ်ခါမှသေသေချာချာ
မတောင်းပန်ခဲ့ဘူးလို့...."

.
.
.
.
.
Lisa တစ်ယောက် ခြေသံမကြားအောင်
ဖွလျှောက်လာပြီး မိမိကို မမြင်တဲ့
ထိုနှစ်ယောက်ကို စဖို့ ခပ်ကုတ်ကုတ်လေးလျှောက်သွားလိုက်သည်။

ခပ်တိုးတိုးပြောနေတဲ့ အသံဆိုပေမဲ့
သူတို့နှစ်ယောက်ပြောနေတဲ့ စကားသံတွေကို
Lisa ကြားလိုက်ရသည်။
.
.
.

"ဘာကိုလဲ...."

"စက်ဘီးအတူစီးပြီး မိုးမိခဲ့တဲ့နေ့....
အဲ့ဒီနေ့က Kiss အတွက်ပါ...."

GASHINA (Completed )Where stories live. Discover now