အစောင့်တပ်သားလေးက ကြောက်ရွံ့စွာဖြင့်တံထွေးတစ်ချက်မြိုချလိုက်ကာ သူ့သခင်ရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်လိုက်သည်။သူပြောတဲ့စကားတွေကို သူ့သခင်ကဒေါသမထွက်ဘဲ လက်ထဲကဓားကိုဆက်သုတ်နေတာကို မြင်ကာမှ သူသက်ပြင်းချကာဆက်ပြောလိုက်သည်။

"ပြီးတော့...သူကပြောသေးတယ်....။သခင်ကနန်းတော်ထဲမှာ ပုန်းနေတဲ့ငကြောက်တစ်ကောင်တဲ့....."

အစောင့်တပ်သားလေးရဲ့စကားအဆုံးမှာတော့ လူငယ်ကဓားကိုသုတ်နေတာကိုရပ်လိုက်ကာ အစောင့်တပ်သားလေးကို ကြည့်ရင်းပြောလာသည်။

"သတ္တိနည်းတဲ့လူတဲ့လား....အဟက်....သူအခုဘယ်မှာလဲ....."

ထိုလူငယ်ရဲ့အမေးစကားကို အစောင့်တပ်သားလေးက လျင်မြန်စွာပဲပြန်ဖြေလိုက်သည်။

"သူအခု အရှေ့ဘက်နန်းဆောင်မှာရှိပါတယ်.....သခင်...."

အစောင့်တပ်သားလေးစကားအဆုံးမှာ ထိုလူငယ်ကလက်ထဲကဓားကိုဓားအိမ်သို့ပြန်ထည့်လိုက်ကာ ထရပ်လိုက်သည်။ပြီးတာနဲ့အစောင့်တပ်သားလေးကို ပြောလိုက်သည်။

"သွားမယ်...."

အစောင့်တပ်သားလေးမှာ ဒူးထောက်ထိုင်နေရာမှအမြန်ထရပ်ကာ အခန်းထဲမှထွက်သွားပြီဖြစ်သော သူ့သခင်နောက်သို့အမြန်ပြေးလိုက်ရတော့သည်။အရှေ့ဘက်နန်းဆောင်နားသို့ရောက်ရန် နီးလာတာနဲ့အခြေအတင်ပြောနေတဲ့အသံတွေကို သူတို့ကြားလိုက်ရသည်။ဒေါသထွက်နေတဲ့လူတစ်ယောက်ရဲ့အသံက ထွက်ပေါ်လာသည်။

"မင်းဘယ်သူလဲ.....။ငါတို့နန်းဆောင်ကိုလာပြီး ငါတို့သခင်ကိုလာစော်ကားနေတယ်။မင်းဒီကနေအသက်ရှင်လျက် ပြန်ထွက်သွားလို့ရမယ်များထင်နေလား...။ငါတို့သခင်လာရင် မင်းကိုတစ်စစီဆွဲဖြဲပစ်လိမ့်မယ်..."

"ငါဘယ်သူလဲဆိုတာ မင်းတို့သိစရာမလိုပါဘူး။ငါတွေ့ချင်တာကမင်းတို့ရဲ့သခင်ကိုတွေ့ချင်တာ။ဘာလဲ....မင်းတို့ရဲ့သခင်က ငါ့ကိုထွက်တွေ့ဖို့တောင် သတ္တိမရှိတာလား...."

ထိုစကားကိုပြန်ပြောလာတဲ့ လူရဲ့အသံကကြည်လင်ပြတ်သားကာ ယုံကြည်မှုအပြည့်ရှိနေတာကြောင့် ရန်ဖုန်းမျက်ခုံးပင့်လိုက်မိသည်။အသံလာရာနေရာကိုကြည့်လိုက်ချိန်မှာတော့ ထိုအသံပိုင်ရှင်ကနန်းဆောင်ရဲ့ခေါင်မိုးထက်တွင်သက်တောင့်သက်သာ လှဲနေသည်။ထိုလူကအမည်းရောင်ဝတ်စုံကိုဝတ်ကာ မျက်နှာထက်တွင်တော့ ရွှေရောင်မျက်နှာဖုံးကိုဝတ်ဆင်ထားသည်။ထိုလူ့ရဲ့အမည်းရောင်ဝတ်ရုံက ဖြူဝင်းနေသောလည်တံသွယ်သွယ်လေးနှင့် ခပ်သေးသေးခါးလေးတွေကိုတော့ ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now