၁၅

13K 1.5K 107
                                    





Unicode





ရှောင်းကျန့်နန်းဆောင်ကိုပြန်ရောက်ချိန်မှာသူ့ခေါင်းအုံးကိုသဘောအကျဆုံးအရာတစ်ခုလိုဖက်ပြီးအိပ်ပျော်နေတဲ့ကျီရွှမ်းကိုတွေ့လိုက်ရတယ်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ကျီရွှမ်းကိုရှောင်းကျန့်စောင်ခြုံပေးလိုက်သည်။အအိပ်ဆတ်တတ်တဲ့ကျီရွှမ်းဟာလှုပ်ရှားမှုကိုခံစားမိလိုက်တာနဲ့နိုးသွားရသည်။ရှောင်းကျန့်ကိုမြင်တာနဲ့ကျီရွှမ်းဟာပါးချိုင့်လေးပေါ်အောင်ပြုံးလိုက်သည်။

"ပြန်ရောက်ပြီလား ရှောင်းကျန့်...ကိုယ်မင်းကိုစောင့်ရင်းအိပ်ပျော်သွားတာ"

"အရှင့်သားကိုနိုးစေမိတဲ့အတွက်စိုးရွံ့မိပါတယ် အရှင့်သား..."

"ဝေ့....ကိုယ်ပြောထားတယ်လေ...ကိုယ်တို့နှစ်ယောက်တည်းရှိရင်ကျီရွှမ်းလို့ပဲခေါ်ဖို့။ပြီးတော့ကိုယ့်ကိုအားနာနေစရာမလိုဘူး။ကိုယ်တို့ကအားနာရမယ့်လူမှမဟုတ်တာ"

"ဟုတ်ကဲ့..."

"ဒီနေ့ကိုယ် ခမည်းတော်နဲ့တွေ့ခဲ့တယ်။ကိုယ်တို့လက်ထပ်ပွဲကိုဘယ်နေ့လုပ်မလဲဆိုတာကိုသူသိချင်နေတယ်။အမှန်တိုင်းပြောရရင်ကိုယ်မင်းကိုသဘောကျတယ်။ကိုယ်ဖိအားပေးတာတော့မဟုတ်ပေမယ့်.....ရှောင်းကျန့်....ကိုယ်နဲ့လက်ထပ်နိုင်မလား"

ကျီရွှမ်းရဲ့စကားကြောင့်ရှောင်းကျန့်တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။သူတကယ်လက်ထပ်ဖို့ကိုမေ့နေခဲ့တာပဲ။ကျိုးနိုင်ငံကိုလက်ထပ်ဖို့ရောက်လာတယ်ဆိုတာကိုသူမေ့နေခဲ့တာပဲ။အစကလက်ထပ်ဖို့ကိုသူလက်ခံခဲ့ပေမယ့် အခုကျလက်မခံချင်တော့ဘူး။သူ့စိတ်ထဲမှာတစ်စုံတစ်ခုကမတင်မကျဖြစ်နေတယ်။အဲ့တစ်စုံတစ်ခုကဘာလဲ‌ဆိုတာ သူလည်းသေချာမသိဘူး။အခုကျီရွှမ်းကသူ့ကိုလက်ထပ်ဖို့မေးနေပြီ။သူဘယ်လိုပြန်ဖြေရမလဲ။

"ရှောင်းကျန့်..."

"ဟင်..."

"မင်းအဆင်သင့်မဖြစ်သေးဘူးဆိုရင်ရတယ်။စိတ်အဖိစီးမခံနဲ့..."

ကျီရွှမ်းရဲ့စကားကြောင့်ရှောင်းကျန့်အားနာသွားရသည်။ကျီရွှမ်းကသူ့အပေါ်ဆိုကောင်းလွန်းသည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now