၂၀

12.8K 1.5K 38
                                    





Unicode





ရှောင်းကျန့်သူထိုင်နေတဲ့နေရာကနေဝမ်ရိပေါ်ရှိတဲ့နေရာကိုလှမ်းကြည့်လိုက်သည်။ရိပေါ်ကတော့သူ့ကိုမမြင်ပါ။ရိပေါ်အရင်ကထက်စာရင်အများကြီးပိန်ကျသွားသည်။သူနဲ့နောက်ဆုံးတွေ့တဲ့အချိန်တုန်းကတောင် ဝမ်ရိပေါ်ရဲ့ပါးလေးတွေကဖောင်းနေတာ။အခုတော့ရိပေ့ါ်ဆီမှာပါးဖောင်းလေးတွေမရှိတော့။အရင်ကထက်လည်းအသားအနည်းငယ်ညိုသွားသည်။နဂိုတည်းကယောက်ျားပီသတဲ့မျက်နှာဟာ အခုချိန်မှာပိုပြီးတော့ပေါ်လွင်နေသည်။နှုတ်ခမ်းမွှေးရေးရေးနဲ့ရိပေါ်ရဲ့ခန့်ညားတဲ့မျက်နှာကြောင့် ပြိုင်ပွဲကိုလာရောက်ကြည့်ရှုကြတဲ့မိန်းမပျိုလေးများကဝမ်ရိပေါ်ကိုခိုးကြည့်နေကြသည်။

မိန်းမပျိုတစ်ယောက်ကိုကြင်ကြင်နာနာနဲ့လက်တွဲထားမယ့်ဝမ်ရိပေါ်ရဲ့ပုံကို ယောင်ကြည့်လိုက်တာနဲ့ရှောင်းကျန့်ဝဲဘက်ရင်အုံကအောင့်တက်လာသည်။အဆင်ပြေပါတယ်။ရိပေါ်ဒုက္ခရောက်ရမှာထက်စာရင် သူဒီလိုနာကျင်နေရတာကအဆင်ပြေပါတယ်။သိပ်မကြာခင်ရိပေါ်သူ့ကိုမေ့သွားမှာပါ။ရှောင်းကျန့်အတွေးများနေတုန်းမှာပဲသူ့ရှေ့ကိုလာရပ်တဲ့ခြေတစ်စုံကြောင့်မော့ကြည့်လိုက်သည်။သူ့ကိုနူးနူးညံ့ညံ့ပြုံးပြနေတဲ့ကျီရွှမ်း။

"ရှောင်းကျန့်......အဆင်ပြေရဲ့လား....မင်းပင်ပန်းနေလား။မပြေရင်အဆောင်မှာပြန်နားလိုက်ပါလား"

"ကျွန်တော်ဘာမှမဖြစ်ပါဘူး.....အဆင်ပြေပါတယ်"

သူ့ကိုမေ့ာကြည့်နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေရဲ့ပိုင်ရှင်ကိုကြည့်ပြီးကျီရွှမ်းအသည်းယားလာရသည်။ဒါ့ကြောင့်မို့ရှောင်းကျန့်ရဲ့နဖူးလေးကိုငုံ့နမ်းလိုက်သည်။သူ့နဖူးကိုနမ်းလိုက်တဲ့ကျီရွှမ်းကြောင့်ရှောင်းကျန့်အံ့ဩသွားမိပေမယ့်သူ့နှလုံးသားကတော့ထူးထူးခြားခြားတုန်လှုပ်ခြင်းမရှိပါပေ။ဝမ်ရိပေါ်နဲ့တွေ့မှသာသူ့ရင်ခုန်သံတွေကမောက်ကမဖြစ်တတ်တာ။ကြည့်ရတာသူ့နှလုံးသားကပိုင်ရှင်ကိုသတ်မှတ်ပြီးပြီထင်ပါရဲ့။အံ့ဩသလိုလေးသူ့ကိုကြည့်လာတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ကျီရွှမ်းအရှက်ပြေချောင်းဟန့်လိုက်သည်။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now