၂၂

12.8K 1.8K 94
                                    




Unicode




နန်းတော်ကိုပြန်ရောက်ရောက်ချင်းမှာပဲဘုရင်မင်းမြတ်နဲ့ မိဖုရားလွီကိုမနှုတ်ဆက်ဘဲ ကြင်ယာတော်ကိုဆွဲဖက်လိုက်တဲ့အိမ်ရှေ့စံမင်းသားကြောင့် အိမ်ရှေ့စံမင်းသားအတွက်ကြင်ယာတော်ဟာအရေးကြီးတဲ့သူဖြစ်မှန်းသိသွားကြသည်။သူတို့အားလုံးရဲ့စိတ်ထဲမှာကြင်ယာတော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမည်ဟုတေးမှတ်ထားကြသည်။ရှောင်းကျန့်ကျီရွှမ်းရဲ့ရင်ခွင်ထဲကရုန်းထွက်လိုက်သည်။‌ကျိုးဘုရင်ကြီးဟာရှောင်းကျန့်ကိုပဲဂရုစိုက်‌နေတဲ့ကျီရွှမ်းသတိထားမိရန်အလို့ငှာချောင်းတစ်ချက်ကိုဟန့်လိုက်သည်။

"ကျီရွှမ်း......ကျိန်ဆိုပွဲအဆင်ပြေခဲ့လား..."

"အဆင်ပြေခဲ့ပါတယ်....ခမည်းတော်...."

"ကောင်းတယ်.....အဆင်ပြေခဲ့ရင်ကောင်းတယ်....."

ကျိုးဘုရင်ကြီးဟာကျီရွှမ်းနဲ့ကိုယ်ရံတော်တပ်တွေရဲ့ဝတ်ရုံတွေပေါ်ကသွေးတွေကိုမြင်သွားတာကြောင့်ကျီရွှမ်းကိုမေးလိုက်သည်။

"လမ်းမှာဘာဖြစ်ခဲ့တာလဲ....."

"ကျွန်တော်တို့ချုံခိုတိုက်ခိုက်ခံခဲ့ရတာပါ.....ခမည်းတော်။နောက်ကွယ်ကလူကိုဖော်ထုတ်ဖို့ကျွန်တော်တို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမယ့်ကိုယ့်ကိုကိုယ်သတ်သေသွားတာကြောင့် မအောင်မြင်ခဲ့ပါဘူး"

ကျီရွှမ်းရဲ့စကားကိုကြားတဲ့ကျိုးဘုရင်ကြီးရဲ့မျက်နှာဟာအလိုမကျမှုတွေပြည့်နှက်သွားရသည်။

"ကျိုးနိုင်ငံရဲ့အိမ်ရှေ့စံကိုဘယ်သူကလုပ်ကြံရဲရတာလဲ....."

ဖခမည်းတော်ရဲ့စကားကိုကျီရွှမ်းဟာအပြုံးလေးနဲ့ပြန်ဖြေလိုက်သည်။

"ခမည်းတော်စိတ်မပူပါနဲ့.....ကျွန်တော်ဖြေရှင်းလိုက်ပါ့မယ်...."

ကျီရွှမ်းရဲ့စကားတွေကြောင့်မိဖုရားလွီရဲ့မျက်နှာဟာသွေးမရှိတော့သယောင်ဖြူဆုတ်သွားလေသည်။လုပ်ကြံမှုကမအောင်မြင်တဲ့အပြင်လုပ်ကြံသူတွေအကုန်သေသွားတယ်တဲ့လား။သူမဒီလူတွေကိုငှားဖို့အတွက်ပိုက်ဆံအများကြီးအသုံးပြုခဲ့တာလေ။အခုတော့ဒီမျိုးမစစ်ကမသေတဲ့အပြင်ဒီကိစ္စကိုဖြေရှင်းအုံးမယ်တဲ့လား။အကုန်လုံးသေသွားတာကိုမကျေမနပ်ဖြစ်မိပေမယ့် တော်သေးသည်ဟုဆိုရမည်။သူမလုပ်ကြံခိုင်းတယ်ဆိုတာကိုဖော်ဖို့လူမရှိတော့ဘူးလေ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Opowieści tętniące życiem. Odkryj je teraz