15.3K 1.5K 18
                                    

Unicode








"ဘာ!!!ဝမ်ရိပေါ်......ဘာပြောလိုက်တယ်"

ရိပေါ့်စကားကြောင့်ယွီပင်းလန့်ပြီးအော်လိုက်မိသည်။မလန့်စရာလား။ဘာတဲ့....ဝမ်ရိပေါ်ကကိုယ်ရံတော်ရွေးပွဲမှာဝင်ပြိုင်မယ်တဲ့။မကြာခင်မှာကျိုးနိုင်ငံရဲ့အိမ်ရှေ့စံမင်းသားကိုရွေးချယ်တော့မှာ....သူတို့ကျိုးနိုင်ငံရဲ့အစဉ်အလာအရ မင်းသားတွေအားလုံးဟာအိမ်ရှေ့စံနေရာအတွက်ပြိုင်ပွဲတစ်ခုကိုပြိုင်ကြရတယ်။ပြိုင်ပွဲထဲမှာဉာဏ်စမ်း၊ဓားရေး၊မြှားပစ်စတဲ့ပြိုင်ပွဲတွေပါဝင်တယ်။အဲ့ပြိုင်ပွဲတွေအားလုံးမှာအနိုင်ရတဲ့သူကသာအိမ်ရှေ့စံမင်းသားနေရာကိုရနိုင်တယ်။အဲ့တော့ဒီပြိုင်ပွဲကမင်းသားတွေအတွက်တော့အရေးကြီးဆုံးပဲ။အိမ်ရှေ့စံမင်းသားရွေးပွဲနဲ့အတူတွဲဖက်ကျင်းပတာကတော့အိမ်ရှေ့စံရဲ့ကိုယ်ရံတော်ရွေးပွဲပဲ။ကိုယ်ရံတော်ဆိုပေမယ့်လည်းသူ့ရဲ့လစာနဲ့အခွင့်အရေးတွေဟာကောင်းလွန်းလှတယ်။ဒါ့ကြောင့်လည်းဒီပြိုင်ပွဲကိုတစ်တိုင်းပြည်လုံးကကျွမ်းကျင်သူတွေဝင်ပြိုင်ကြမှာဖြစ်တဲ့အတွက်အိမ်ရှေ့စံရဲ့ကိုယ်ရံတော်နေရာကိုရဖို့ဆိုတာမလွယ်ကူလှဘူး။

"ဝမ်ရိပေါ်.....မင်းငါ့ကိုနောက်နေတာလား"

"ငါ့ပုံကနောက်နေတဲ့ပုံပေါ်လို့လား"

"ငါပြောပြမယ်....ဝမ်ရိပေါ်....မင်းဝင်ပြိုင်တာကတော့ဟုတ်ပါပြီ။ဒီပြိုင်ပွဲကိုဝင်ပြိုင်မှာကမင်းတစ်ယောက်တည်းမဟုတ်ဘူး။တစ်ပြည်လုံးကအတော်ဆုံးလူတွေပဲလာပြိုင်ကြမှာ.....အခန့်မသင့်ရင်မင်းအသက်ပါသေသွားနိုင်တယ်ဆိုတာသိရဲ့လား"

"ငါသိတယ်။ဒါပေမယ့်ငါဆုံးဖြတ်ပြီးသွားပြီ....ယွီပင်း...ငါဝင်ပြိုင်မယ်"

"ဘာလဲ....မင်းနတ်သားလေးကိုရှာဖို့အတွက်နန်းတော်ထဲကိုဝင်ချင်လို့ဒီပြိုင်ပွဲကိုဝင်ပြိုင်တာလား။အဲ့လိုဆိုရင်မင်းဟာကစွန့်စားလွန်းရာကျပါတယ်ကွာ.....အကယ်၍မင်းနန်းတော်ထဲကိုဝင်ချင်တယ်ဆိုလည်းငါ့မှာတခြားနည်းလမ်းတွေရှိတယ်...ဒီလိုမျိုးကြီးတော့မစွန့်စားပါနဲ့ကွာ"

"မှန်တယ်.....ငါသူ့ကိုတွေ့ချင်တယ်ဆိုတာမှန်တယ်။ဒါပေမယ့်ငါဒီပြိုင်ပွဲကိုဝင်တယ်ဆိုတာသူ့ကိုတွေ့ချင်ရုံသပ်သပ်ပဲမဟုတ်ဘူး။ငါ့ဘဝကိုသူခိုးအလုပ်ကိုပဲလုပ်ပြီးမကုန်ဆုံးချင်ဘူး။ပြီးတော့သူနဲ့ပြန်တွေ့တဲ့အခါကျရင်ငါကအရင်ကထက်ပိုကောင်းလာပြီဆိုတာသူ့ကိုသိစေချင်တယ်..."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Место, где живут истории. Откройте их для себя