၄၀⚠

21.5K 1.8K 92
                                    






Unicode




(Warning⚠: papapaအခန်းများပါဝင်သောကြောင့် ၁၈နှစ်အောက်ကလေးငယ်များဖတ်ရန်မသင့်တော်ပါ)





ကျိုးနန်းတော်၏ နန်းဆောင်ထဲကပုလ္လင်ထက်တွင် ကျီရွှမ်းဟာမေးကိုလက်ထောက်လျက်ထိုင်နေသည်။မျက်နှာမှာတော့ စိတ်ပျက်မှုတွေကအထင်းသား။ကျစ်မင်နေမကောင်းဘူးဆိုတဲ့သတင်းကို ဖြန့်ပြီးတာတောင် ရန်နိုင်ငံဘက်ကဘာမှထူးခြားမှုမရှိပေ။စိတ်ပျက်လက်ပျက်ဖြင့်ထိုင်နေသော ကျီရွှမ်းကိုကြည့်ကာ ရှောင်ကျားယွီမေးလိုက်သည်။

"ဘာစိတ်ညစ်စရာ ကိစ္စတွေများရှိနေလို့လဲ....မင်းကြီး...."

ရှောင်ကျားယွီရဲ့အမေးကို ကျီရွှမ်းကပြန်ဖြေမယ့်အစား မေးခွန်းထုတ်လိုက်သည်။

"ရန်နိုင်ငံရဲ့အခြေအနေဘယ်လိုလဲ...။ရှောင်းကျန့်ရဲ့ သတင်းကြားမိသေးလား...."

"မင်းကြီးကို လျှောက်တင်ပါတယ်။ရန်နိုင်ငံကလည်း ပုံမှန်အတိုင်းလည်ပတ်နေဆဲပါ။ပြီးတော့ကြင်ယာတော်ရှောင်းရဲ့ သတင်းကိုအခုထိမကြားသေးပါဘူး..."

ရှောင်ကျားယွီရဲ့အဖြေကိုကြားချိန်မှာတော့ ကျီရွှမ်းစိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

"ဒီနည်းလမ်းကလည်း အသုံးမဝင်ပြန်ဘူး..."

ကျီရွှမ်းက ရှောင်ကျားယွီကိုစိတ်ပျက်စွာဖြင့်ပြောလာသည်။

" ရန်နိုင်ငံနဲ့ ထိပ်တိုက်မတွေ့ဘဲ ရှောင်းကျန့်ငါ့ဆီပြန်ရောက်လာမယ့်နည်းလမ်းကို မင်းစဉ်းစားမိလား...."

ရှောင်ကျားယွီက ချက်ချင်းပြန်မဖြေဘဲအနည်းငယ်စဉ်းစားနေသည်။ပြီးကာမှ အကြံရသွားသည့်ပုံစံနှင့် ကျီရွှမ်းကိုပြောလာသည်။

"ကြင်ယာတော်ရှောင်းရဲ့နိုင်ငံဖြစ်တဲ့ ကျန်းနိုင်ငံကိုသိမ်းပိုက်လိုက်ပါ....မင်းကြီး...."

သူ့ရဲ့အကြံကိုအလေးအနက်ထား စဉ်းစားနေတဲ့ကျီရွှမ်းကိုကြည့်ကာ ရှောင်ကျားယွီပြောလိုက်သည်။

"မင်းကြီးရဲ့လက်ထဲမှာသာ ကျန်းနိုင်ငံရှိရင် ကြင်ယာတော်ရှောင်းက ကျိန်းသေပေါက်ပြန်ရောက်လာပါလိမ့်မယ်....."

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now