ရှောင်ဝေ့ရန်ရဲ့သိုင်းဝိညာဉ် ပေါ်ထွက်လာမှုကစောင့်ကြည့်နေသူအားလုံးကို တကယ်မှင်သက်သွားစေတယ်၊ ရှောင်ကလန်ကလည်း မှင်သက်နေရင်း တချို့ကလန်သားတွေရဲ့အမူအရာဟာ မထိန်းသိမ်းနိုင်တော့ပေ၊ ဒီနေရာမှာ ရှောင်ချင်းလင်သာဆို သူတို့ထခုန်မတက် ဝမ်းသာသွားနိုင်ကျပေမယ့် အခုက သူတို့ ပစ်ပယ်ထားသော ရှောင်ဝေ့ရန်ဖြစ်နေသည်၊ ဒါကြောင့် ရှောင်မိသားစုများရဲ့ မျက်နှာဟာ စိတ်ပျက်မှုများနဲ့မနာလိုမှုတွေဟာ အထင်းသားပေ၊ထိုထဲတွင် ရှောင်ချင်းလင် အဆိုးဆုံးပင်၊သိုင်းဝိညာဉ်အပြာရင့်အဆင့်ဟာ ဒီနိုင်ငံမှာတော့ ဂျီးနီရက်စ်ပေမယ့် အင်ပါယာနယ်မြေမှာဆို အလယ်အလတ်အဆင့်ပါရမီရှင်သာဖြစ်သည်၊ဒါပေမယ့် အနက်ရောင်အဆင့်ကတော့ ထိုသို့မဟုတ်တော့ပေ၊ သူတို့နိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို အုပ်စိုးနေသည့် မင်အင်ပါယာပင် အနက်ရောင်အဆင့် နှစ်ယောက်သာ ရှိဖူးသည်၊ မနာလိုမှုကြောင့် ချက်ချင်းပင် ရှောင်ဝေ့ရန်ကို သတ်ဖြတ်ချင်နေပြီဖြစ်သည်၊ ဒါကြောင့် သူအဖေကို ကြည့်လိုက်တော့ သူအဖေက ရှောင်ဝေ့ရန်ဆီသွားပြီး မျက်နှာချိုသွေးနေသည်ကိုမြင်တော့ ရှောင်ချင်းလင်ဒေါသထွက်လွန်းလို့ သွေးအန်မတက်ပေ၊

"သားငယ်လေးဝေ့ရန်... ဖြေးဖြေးဆင်း လာလာ"

ချက်ချင်း ၁၈၀ဒီဂရီပြောင်းသွားသည့် ရှောင်သခင်ကြီးကြောင့် ဝမ်ဖေးရန် ဆက်သွားရမလား ရပ်ပဲရပ်နေရမလား မသိဖြစ်သွားတော့သည်၊ဘာလို့လဲဆိုတော့ ရှောင်သခင်ကြီးရဲ့မျက်နှာဟာ ပြုံးဖြီးနေပြီး သွား၃၆ချောင်းပင်ပေါ်နေသည်၊သူရဲ့မျက်ဝန်းများဟာ ပြုံးထားတာကြောင့် မျက်ဆံပျောက်မတတ်ပေ၊ ရှောင်သခင်ကြီးရဲ့ရုပ်ဟာ ရှေးခေတ်တုန်းက...၊

အဟမ်း အခုလည်းရှေးခေတ်ပဲပေါ့နော် ဘုရင်မင်းမြတ်တွေနားမှာ နေသည့်ဖားယားတတ်ကျတဲ့မိန်းမစိုးကြီးကျနေတာပဲ ဒီထက် ပိုတိတိကျညွှန်းပြရရင် ငွေတိုးချေးစားသည့်ချစ်တီးကုလားရုပ်ဖြစ်သည်၊

သူလက်ကို အတင်းဆွဲပြီး တူတူခေါ်နေတဲ့ရှောင်သခင်ကြီးကြောင့် မျက်နှာဖုံးအောက်ကနေ လျှာထုတ်ပြလိုက်ပြီး 'အခုတော့ သားငယ်လေးတဲ့ ဟက်... တော်တော်မျက်နှာပြောင်တဲ့ အဘိုးကြီး'လို့ လှောင်ပြောင်နေပေမယ့် အလိုက်သင့် အနောက်ကနေလိုက်သွားပေးလိုက်တယ်၊ဘာရယ်မဟုတ် ရှောင်ချင်းလင်ကိုလည်း ကြည့်လိုက်တော့ ရှောင်ချင်းလင်ရဲ့မျက်နှာအမူအရာကြောင့် ရယ်ချင်စိတ်ကို အောက်နူတ်ခမ်းလေးကို ကိုက်ကာ ထိန်းလိုက်တယ်။၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now