"အင်း"
မေလင်း အပေါ်ထပ်ကို တက်သွားပြီး ရိပေါ်အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်ပေမယ့် အထဲက ပြန်ထူးသံမကြား။
"ရိပေါ်..ဝမ်ရိပေါ်!!အိပ်ချင်ဟန်ဆောင်မနေနဲ့။ထတော့"
အထဲက ဘာသံမှမကြားရတာကြောင့် မေလင်း တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်တယ်။ တံခါးက လော့ချမထားလို့ တော်သေးတယ်ပြောရမယ်။
အထဲရောက်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့
ရိပေါ်။"ဝမ်ရိပေါ်!!ထတော့လေ။ဒီအချိန်ထိအိပ်နေစရာလား။ဝမ်ရိပေါ်!"
ဘာတုံ့ပြန်မှုမှ မရှိတာမို့ မေလင်း အနည်းငယ် စိုးရိမ်စ
ပြုလာတယ်။ အနားကို ကပ်သွားပြီး သေချာကြည့်လိုက်တော့မှ ရိပေါ်က အိပ်ပျော်နေတာမဟုတ်ဘဲ
သတိလစ်နေတာပဲ။အိပ်ကပ်ထဲက ဖုန်းကို အမြန်ထုတ်ပြီး ဆေးရုံကားခေါ်ရတယ်။
ကျေးဇူးပြုပြီး ဝမ်ရိပေါ်...နည်းနည်းလောက်ဖြစ်ဖြစ်
တောင့်ခံထားပါဦး။ နင်ထွက်သွားဖို့ အရမ်းစောလွန်းနေသေးတယ် မဟုတ်လား။ ငါလည်း နင့်ကိုလက်လွတ်
နိုင်ဖို့ အရမ်းစောနေသေးတယ် ဝမ်ရိပေါ်ရဲ့။
_______________________________ရိပေါ်ရဲ့ အခြေအနေသိရဖို့ မေလင်းက ဆရာဝန်တွေနဲ့ သွားတွေ့တဲ့အခါ ဆေးရုံခန်းထဲမှာ ကျန်နေခဲ့တာက ရှောင်းကျန့်ရယ်၊ ရိပေါ်ပါးပါးရယ်သာ။
လူနာကုတင်နားကခုံမှာ ထိုင်လို့ သတိပြန်မလည်လာ
သေးတဲ့ ကောင်လေးရဲ့ လက်ကို ညင်သာစွာ ဆုပ်ကိုင်
ထားတဲ့ ရှောင်းကျန့်။သူက တကယ်ပဲ ကောင်လေးကို မစောင့်ရှောက်နိုင်ခဲ့ဘူး။ မေလင်းသာ ရှိမနေခဲ့ရင် ဆေးရုံကို အချိန်မှီ ရောက်လာနိုင်ပါ့မလားဆိုတာတောင် မသေချာတဲ့ အခြေအနေမျိုး။ သူ့လိုလူမျိုးက ကောင်လေးကို စောင့်ရှောက်
နိုင်တယ်လို့ ဘယ်လိုတောင် ရူးမိုက်စွာ တွေးမိလိုက်ခြင်းလဲ။အားလုံးက သူ့အပြစ်တွေပါ။ သူသာ ကောင်လေးကို
ဆေးရုံကနေ ခေါ်မသွားဘဲ ဆေးကုသမှု ခံယူခိုင်းခဲ့ရင်
ဒီလိုအခြေအနေဖြစ်လာပါ့မလား။
BẠN ĐANG ĐỌC
Imaginary You(Completed)
Fanfictionတကယ်တော့...ဝမ်ရိပေါ်ဆိုတာ...... ရှောင်ကျန့်ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ပုံရိပ်လေး.... တကယ်တော့...ဝမ်ရိပေါ်ဆိုတာ...... ရှောင်ကျန့်ဖမ်းဆုပ်ပိုင်ခွင့်မရှိတဲ့ပုံရိပ်လေး....
Chapter 39
Bắt đầu từ đầu