By the way, ဒင်း Baby ကိုကိုရဲ့ နာမည်က ခပ်ဆန်းဆန်းရယ်။ "တိမ်ဆိုး"တဲ့။ အဲဒီ နာမည်ကလည်း ဖြစ်ပုံက တလွဲတချော်ပဲပြောရမလား။ သူပြောတာကို ပြန်ပြောပြရရင်။ သူ့ မိဘကတော့ တိမ်တွေစိုးရတဲ့ "တိမ်စိုး"လို့ ပေးရှာတာပါ။ အဲ့ဒါကို မွေးစာရင်းလုပ်ပေးတဲ့လူက ဘယ်နှယ့်တွေ မှတ်တမ်းတင်လည်းမသိဘူး။ "တိမ်ဆိုး"ဆိုပြီး ရေးချလိုက်ပါလေရော။ အဲ့ဒီမှာတင် Baby ကိုကိုခမြာ "တိမ်ဆိုး"ဆိုပြီး သေရာပါသွားရှာပါလေရော။

ဘာဖြစ်ဖြစ် ကျုပ်ညီ ဟိုသကောင့်သားလေးကတော့ သူ့ကို နှပ်ချီးကျွေးလို့ ပါးစပ်က ပွစိပွစိလုပ်ပြီး အိမ်ရှေ့က Couch ပေါ်မှာ သွားအိပ်ပါလေရော။ ကျုပ်လိုချင်တာက ဒါပဲလေ။

ဒါနဲ့ ကျုပ်လည်း ပျော်ပျော်ကြီး တစ်ယောက်တည်း အိပ်မယ်ပေါ့။ ဒါပေမယ့် ည နှစ်နာရီသာ ထိုးသွားတယ် ။ကျုပ်မှာ မျက်လုံးက ကြောင်နေရော။ အိပ်ရာပြောင်းလို့ပဲလား။ ကလပ်မသွားရလို့ပဲလား။ ဘာလဲတော့ မပြောတတ်ဘူး။ တလူးလူး၊ တလှိမ့်လှိမ့်နဲ့ အိပ်မပျော်ဘူး။ ဒီကြားထဲ အဲ့ဒီ ဒေဝဒတ်လက်သစ် အဲ့ယားကွန်းက ကျုပ်လာတဲ့ အချိန်နဲ့ကိုက်ပြီး ပျက်နေသေးတယ်။ ကံဇာတာတွေကေ-ာက်ရမ်းတွေကောင်းနေတာလေ။ သွားလေရာ သံချပ်ကာဝတ်သွားရမယ့်သဘောမှာရှိတယ်။ ဒါတောင် ဂါမဏိလို ကံဆိုးစွာနဲ့ သမိန်ဗရမ်းနဲ့ တွေ့ချင်တွေ့ဦးမှာ။ နောက်ဆုံးတော့ ပူတဲ့ဒဏ်မခံနိုင်လို့ အင်္ကျီဘောင်းဘီချွတ်ပြီး အတွင်းခံဘောင်းဘီနဲ့ အိပ်တယ်လေ။ ဒါပေမယ့် အိပ်မပျော်ပါဘူးဗျာ။

ဒါနဲ့ အိပ်မပျော်လို့ ဖုန်းပွတ်မလားကြံပါတယ်။ စိတ်က မပါ။ ဒီကြားထဲ ကုတင်ကြီးက ကြီးပြီးခွစရာကမရှိဘူး။ ဘယ်လောက် ဟာတာတာဖြစ်လိုက်သလဲဆိုတာ....။ အမ်း? နေဦး။ အခုမှ သတိရတယ်။ ဟိုနေ့တွေက ကျုပ် ဘာကို ခွအိပ်နေတာပါလိမ့်??? ထားလိုက်ပါလေ။ စဉ်းစားလို့မရမယ့်အတူတူ စဉ်းစားမနေတော့ပါဘူး။ Energy ကို save လုပ်ရမယ်လေ။

ဒီလိုနဲ့ ဘယ်လိုတွေ အိပ်ပျော်သွားလဲမသိဘူး။ အိပ်မက်ကမ္ဘာထဲရောက်လို့ ရောက်တတ်ရာရာတွေမက်ပါလေရော။ အိပ်မက်လှလှမက်တယ် မထင်နဲ့နော်။ ဘာတဲ့။ စာမေးပွဲဖြေရမယ်။ စာမရသေးဘူးတဲ့။ နောက် စာမေးခန်းဆီသွားတာ ကားပျက်လို့ လမ်းမှာတွေတဲ့ ဦးလေးကြီးဆီက weelchair ငှားစီးသတဲ့။ စာမေးပြီးခါနီးမှ အခန်းထဲရောက်တယ်တဲ့။ ဖြေမယ်ဆို မေးခွန်းကောက်ကြည့်လိုက်တော့ ဟိုလူကြီးနဲ့ ကွာရှင်းစာချုပ်ဖြစ်နေတယ်တဲ့။ အဲဒီမှာတင် ကျုပ်က အခန်းစောင့်နေတဲ့ လူကို ကွန်ပလိန်း (complain) တက်တယ်တဲ့။ ဘာတွေတက်လဲတော့ မမှတ်မိဘူး။ ရုတ်တရက်ဆိုသလို ကျုပ်မှာ ဆောင့်ကန်ခံရပြီး မိုးခြိန်းသံလိုအသံနဲ့....

စိတ္တဇ၏ အပိုင်းအစများ || စိတ်တဇ၏ အပိုင်းအစများWhere stories live. Discover now