ဒါပေမယ့်စဉ်းစားကြည့်မယ်ဆိုရင် ရှောင်းကျန့်ဟာလည်းကျန်းနိုင်ငံရဲ့တော်ဝင်မင်းသားတစ်ပါးဖြစ်သည်လေ။အခုလိုဩဇာအာဏာပြည့်ဝသည့်အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်သည်မှာအံ့ဩစရာမဟုတ်ပေ။သူတို့အားလုံးသခင်လေးရှောင်းကျန့်ကို လျှော့မတွက်ရဲကြတော့ပေ။သခင်လေးရှောင်းကျန့်သည်လည်း သူတို့သခင်နီးပါးကြောက်ဖို့ကောင်းလှပေသည်။သခင်လေးရှောင်းကျန့်ကို အပြစ်မလုပ်မိဖို့ သူတို့သတိထားရမည်။သူတို့အားလုံးရဲ့အတွေးတွေဟာ သူတို့သခင်ရဲ့စကားသံကိုကြားကာမှပဲရပ်တန့်သွားကြတော့သည်။

"ကိုယ်မင်းကိုစိတ်မချဘူး......"

ဒီစကားကြောင့်ရှောင်းကျန့်က ပို၍ပင်အလိုမကျပင်ဖြစ်သွားတော့သည်။

"ငါကယောက်ျားလေး.....မိန်းကလေးမဟုတ်ဘူး။ငါ့ကိုယ်ငါကာကွယ်နိုင်တယ်....။မင်းစိတ်မချဖြစ်စရာမလိုဘူး...."

ရှောင်းကျန့်စကားကြောင့် ရိပေါ်သက်ပြင်းချကာပြန်ပြောလိုက်သည်။

"မင်းယောက်ျားလေးဆိုတာ ကိုယ်သိတယ်။မင်းကိုမင်းစောင့်ရှောက်နိုင်တယ်ဆိုတာလည်း ကိုယ်သိတယ်။ဒါပေမယ့်....မင်းကကိုယ်ချစ်ရသူလေ...."

အရာရှိ‌‌တွေရှေ့မှာ ဒီလိုစကားမျိုးအပြောခံလိုက်ရတာကြောင့် ရှောင်းကျန့်ရဲ့ပါးလေးတွေရဲသွားရသည်။ရှက်သွေးဖြာနေတဲ့ရှောင်းကျန့်ကိုကြည့်ကာ ရိပေါ်ကထပ်ပြောသည်။

"ကိုယ်ချစ်ရသူကို စိတ်မချဖြစ်ခွင့်ရှိတယ်မလား။ကိုယ်ချစ်ရသူကိုထပ်ပြီး အဆုံးရှုံးမခံချင်ဘူး။ကိုယ်မင်းနဲ့ထပ်ပြီး မခွဲချင်ဘူး။မင်းလည်းသိတာပဲ....ယွမ်နိုင်ငံကိုအခုချိန်မှာဝင်သွားတာက ကိုယ့်သေတွင်းကိုယ်တူးတာပဲဆိုတာကို...။ဒီလောက်အန္တရာယ်များတဲ့နေရာကို ကိုယ်ကဘယ်လိုလွှတ်ရက်မှာလဲကွာ...."

[လှုပ်ပင်မလှုပ်ရဲဘဲဒူးတုန်နေသော အရာရှိများ:မုန်တိုင်းတိုက်တော့မယ်ထင်လို့ကြိုပြင်ထားတာလေ...။အခုဘာဖြစ်သွားတာလဲಠ_ಠ]

ရိပေါ်စကားဆုံးချိန်မှာတော့ ရှောင်းကျန့်မျက်နှာလေးက ရှက်ရွံ့မှုကြောင့် ရဲတွတ်နေပြီဖြစ်သည်။ခုနကဩဇာအပြည့်နဲ့ကြောက်စရာကောင်းတဲ့ပုံစံကနေ ကာကွယ်ပေးချင်စရာကောင်းတဲ့ ပန်းလေးပုံပြန်ဖြစ်သွားတဲ့ရှောင်းကျန့်ကိုကြည့်ပြီး အရာရှိတွေအားလုံးဆုတောင်းလိုက်ကြသည်။ကောင်းကင်ပေါ်ကနတ်ဘုရားတွေ ကျွန်တော်တို့ဆုတောင်းတာကိုကြားကြရဲ့လား။ကျွန်တော်တို့ဘာအပြစ်တွေများလုပ်ထားမိလို့ ဒီအတွဲရဲ့ကလူကျီစယ်တာကို ထိုင်ကြည့်နေရတာပါလဲ။ဘုရားတရားမလို့ ဒီအခန်းထဲအမြန်ထွက်ရပါစေ။

မောင့်ကြင်ယာတော်/မောင့်ကြင်ယာတော်(Completed)Where stories live. Discover now