[27]

2.9K 436 81
                                    

[ Unicode ]

' ရောက်ရင် ဖုန်းဆက်လိုက်မယ်..
ကျွန်တော်ကို့လွမ်းနေနော် '

ဆိုတဲ့ နှုတ်ဆက်စကားနဲ့အတူ
ပျောက်ကွယ်သွားတဲ့ Jimin ။

တစ်ရက်လေးတောင်ပျက်ကွက်ခြင်းမရှိ
သူ့ရဲ့တစ်နေ့တာအကြောင်း
ပြောပြတတ်တဲ့ ကောင်လေး...

သူစိတ်ကူးပေါက်တိုင်း
လွမ်းလို့ပါ ဆိုပြီး
ဖုန်းဆက်ချွဲတတ်တဲ့ကောင်လေး...

ဒီလိုစကားများတဲ့ ကောင်လေး..
သူ့ကိုအမြဲ တီတီတာတာ မပြောရရင် မနေနိုင်တဲ့
သူ့ချစ်သူလေးက သုံးရက်လောက်
အဆက်အသွယ် မလုပ်တာ ကို
ကော်ဖီဆိုင်ကြောင့်အလုပ်များလို့ဖြစ်မှာပဲလို့သာ
သူ့မှာထင်နေခဲ့မိတာ...

တခုခုတော့မှားနေပြီလို့
သူတွေးမိသွားတဲ့အချိန်မှာတော့
Jiminနဲ့ လုံးဝဆက်သွယ်လို့မရတော့..

Jiminရဲ့ဖုန်းသာမက
အိမ်ဖုန်း.. ဆိုင်ကိုပါဆက်သွယ်ကြည့်ပေမဲ့လည်း....။

သူ့ဒေါ်လေးနှင့် မိနစ်အနည်းငယ်ကြာ
ဖုန်းပြောပြီးနောက် နှုတ်ဆက်ပြီးဖုန်းချလိုက်တဲ့
Seokjin တွေ့လိုက်ရတာက

မျက်နှာတော်တော်မကောင်းဖြစ်နေပြီး
ငိုချတော့မလိုဖြစ်နေတဲ့ Yoongi ကိုပင်...

ဘယ်လိုကိစ္စမျိုးမဆို
အမြဲတည်ငြိမ်နေတတ်တဲ့ Yoongiရဲ့
ဒီလိုပုံကို မြင်ရတော့
Yoongiက Jiminလေးကို အရမ်းချစ်တာပဲ
ဆိုတာ သူခံစားမိသည်။

**သိပ်စိုးရိမ်မနေပါနဲ့ Hyung ဘူဆန်အိမ်ကို လိုက်သွားကြည့်ပေးမယ်**

**ဟုတ်သားပဲ ဘူဆန်ကို လိုက်သွားရမှာ... အာ. ကျွန်တော်လည်း တော်တော်တုံးတာပဲ... အစောကြီးကတည်းက ဘူဆန်ကို လိုက်သွားခဲ့ရမှာကို ဘာလို့မတွေးမိပါလိမ့် **

**မဟုတ်တာ ငါတို့ ခုလိုက်သွားလည်းရပါတယ် .. အရမ်းစိတ်ပူမနေနဲ့ Jimin အဆင်ပြေမှာပါ**

**ဘယ်လိုဖြစ်ပြီး စိတ်မပူရမှာလဲ Hyungရဲ့... သူ့ကိုလက်ထပ်ဖို့စီစဥ်တာကိုသိရရုံမကဘူး... အစာမစားဘဲ အခန်းပိတ်နေတယ်ဆိုတာရော... ကျွန်တော် မစိုးရိမ်ဘူးဆိုတာဖြစ်နိုင်မလား**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Donde viven las historias. Descúbrelo ahora