[17]

3.7K 528 129
                                    


Unicode |

⏰⏰⏰... တီတီ......
( alarm ringing )

ငါးမိနစ်ခြားတစ်ခါ.. မြည်လာတဲ့
Alarm ကို ငါးကြိမ်မြောက် ပိတ်အပြီးမှာတော့
အတင်းအိပ်ချင်စိတ်ကို ဖြေဖျောက်ရင်း
ဘေးမှာရှိတဲ့ ကျောပေးအိပ်နေတဲ့သူကို
နိုးဖို့လှုပ်ရှားသည်။

**Yoongi..... ထတော့... ထ... ဒီနေ့ကမ်းခြေသွားဖို့လုပ်ထားတယ်လေ .. နေထွက်တာကြည့်မယ်လို့... **

**Yoongi ... ထပါဆို **

**Jiminine... အရမ်းစောလွန်းတယ်... မထချင်ဘူး**

**ဟုတ်တယ်... ကျွန်တော်ရောပဲ... ဒါပေမဲ့ လည်း... Yoongiii. ထလိုက်ပါ**

**Jiminine.. ညနေကျရင် လိုက်ပို့မယ်လေ... နေဝင်တာလည်း လှပါတယ်... နော် **

Yoongiရဲ့စကားကိုကြားပြီးနောက်
Jimin စဥ်းစားမိသည်။
ဟုတ်ပါတယ် နေဝင်တာလည်းလှတာပဲ
Romantiဆန်လောက်ပါတယ် ....
သူလည်းပြန်အိပ်ချင်တယ် ...

**ဒါဆို ညနေကျသေချာသွားရမယ်နော်... **

**အင်း ပြန်အိပ်တော့ **

စကားသံတွေနှင့် ဆူညံနေသောအခန်းလေးက
ပြန်ငြိမ်သက်သွားခဲ့ပြီး
ကောင်လေးနှစ်ယောက်ရဲ့
အသက်ရှူ သံ တိုးသဲ့သဲ့
မှန်မှန်ထွက်ပေါ်လာသည်သာ ကြားရတော့ သည်။

.........

ညနေခင်းမှာ
တစ်ကယ်ပဲ Yoongi က Jimin သွားချင်တဲ့ဆီကို
မငြီးမငြူလိုက်ပို့ပေးခဲ့ပါသည်။

ပင်လယ်မျက်နှာပြင်နှင့်
တဖြည်းဖြည်းနီးကပ်လာကာ
ပျောက်ကွယ်သွားတော့မည့် နေလုံးကြီးကို
မျက်နှာမူရင်းထိုင်နေကြပေမဲ့
နှစ်ယောက်လုံးက နေဝင်ဆည်းဆာ အလှကို
အာရုံမရောက်ကြ။

နေဝင်တာကြည့်ချင်ကြောင်း
အတင်းပူဆာခဲ့သော Jimin သည်လည်း
မျက်နှာအောက်ငုံ့ရင်း
အတွေးများစွာနှင့်..... ။

အခုပဲ ပြောလိုက်ရမလား
နေဝင်ပြီးမှ ပြောမှ romantic ဖြစ်မှာလား...
တစ်ကယ်လို့ Yoongi က
ငါ့ကို မကြိုက်ဘူးဆိုရင်ရော???

**Jimin**

**ဟင် **

**နေဝင်တော့မယ်လေ ပင်လယ်ကြီးကိုကြည့်မလှဘူးလား... ဘာလို့ ခေါင်းငုံ့ပြီး အာရုံမရှိသလိုဖြစ်နေတာလဲ**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Tahanan ng mga kuwento. Tumuklas ngayon