[21]

3.5K 465 96
                                    

#U

**Yoongi ဒါလေးရော သောက်ကြည့်ပါဦး**

သူ့ရှေ့က ကော်ဖီတစ်ခွက်ချပေးရင်း
ပြုံးပြနေတဲ့ကောင်လေးကို
Yoongi မှာ ပြန်ပြုံးပြရင်း
ကော်ဖီခွက်ကို ယူသောက်လိုက်ရသည်။

ဒါက ခုနစ်ခွက်မြောက်ပဲ..... ။

ပါးစပ်ထဲ ဝင်လာတဲ့
ခါးသက်တဲ့ အရသာ ကြားက
ရှေ့ကသောက်ပြီးသား
ခြောက်မျိုးသောကော်ဖီများနှင့်
မတူသည့်အချက်ကို ရှာဖွေရင်း
ဘေးနားချပေးထားသည့် ကတ်ပြားလေးမှာ
ချရေးရသည်။

ကော်ဖီဖျော်သင်နေတဲ့ Jimin ရဲ့
အစမ်းသပ်ခံလေး ဖြစ်နေရှာတဲ့
Min Yoongi ဖြစ်ပါသည်။

Seoul ကနေ
Busan က ကော်ဖီဆိုင်ထိ
ကိုယ့်စရိတ်နဲ့ကိုယ်ရောက်လာတဲ့
အစမ်းသပ်ခံလေး ပါ ....

Yoongi သောက်ပြီးသည်ကို
ပျော်ရွှင်စွာ ကြည့်ရင်း
သဘောတကျရယ်နေတဲ့ Jimin ...

**Yoongi ခဏလေးနော် ကျွန်တော် နောက်ထပိတစ်ခွက်သွားထပ်ဖျော်... **

**ထပ်ပြီးတော့လား**

**အင်း... ဒါနောက်ဆုံးတစ်ခွက်ပဲလေနော် ... **

**အင်းပါကွာ Jiminineသဘော**

ဘာပြောရမလဲ
အင်းပါ ကလွဲဘာမှပြောခွင့်မှမရှိတာ

သူငယ်ချင်းတုန်းကတော့
မသောက်ချင်ရင် ဟင့်အင်း လို့
တစ်ခွန်းထဲအပြတ်ငြင်းပစ်လို့ရပေမဲ့
ခုချိန်မှာတော့ babeသဘော ပဲ
ဖြစ်နေရတာမျိုး...

ဒါက RSတွေရဲ့ ဒုက္ခ ဆိုတာများလား...

ဒါလည်းYoongiကတော့ပျော်ပျော်ပါပဲ
တချို့တချို့ဆို ဒီလို ဒုက္ခ မျိုးကို
ကြုံချင်တာတောင် မကြုံဖူးဘူးမလား..

ခဏအကြာတော့
ကော်ဖီခွက်ကိုကိုင်ရင်းပြန်ရောက်လာတဲ့
သူ့ရဲ့ ရည်းစားကောင်ချောလေး..

သောက်ကြည့်တော့ မဆိုးဘူးပဲ ..

**Jiminnah... **

**ဟင်**

**ဒါက ပိုသောက်လို့ကောင်းတယ်**

**ရှေ့ကဟာတွေထက်လား**

**အင်း**

**ဒီလိုပဲ ဖြစ်ရမှာပေါ့ ကျွန်တော့်ရဲ့ချစ်လှစွာသောအရက်သမားဦးလေးကြီးရဲ့... ဒီဟာ Soju latteလေ internetကနေကြည့်ပြီး စမ်းဖျော်ထားတာ ကြိုက်မယ်ထင်သားပဲ**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now