#U
Yoongiတစ်ယောက် ရှေ့တွင်ချထားသော
ခေါက်ဆွဲပြုတ်ကို အေးဆေးမစားနိုင်သေး
ခဏခဏ လာနေသော ဖုန်းcallများကို အရင်ရှင်းနေရသေးသည်။
ဖုန်းတခဏပြီးတခဏလာနေရသည့်အကြောင်းက
Company နားရောက်နေပြီပြောသော်လည်း
အခုချိန်ထိလူကိုမတွေ့ရသေးသောကြောင့်
တွေ့ရမည့်ချိန်းထားသည့်PDက
မလာသေးဘူးလား မေးနေခြင်းပင်။Company နားကခေါက်ဆွဲဆိုင်တွင်
နေ့လည်စာမစားရသေးသော
Jimin အားခေါက်ဆွဲပြုတ်လိုက်ကျွေးနေသော
Yoongiသည်လည်း ရောက်တော့မယ် လာနေပြီဟု
မှင်သေသေနှင့်ဆက်ဖြေနေဆဲ ... ။Company နားရောက်ရောက်ချင်းပင်
ခေါက်ဆွဲပြုတ်လေးကို
သတိတရရှိကြောင်းစျေးဗန်းခင်းနေတဲ့
အကောင်ပေါက်စလေးကြောင့်
ခေါက်ဆွဲဆိုင်ကို အရင်ရောက်သွားရခြင်းပင်.. ။ဒီအနီးအနားပတ်ဝန်းကျင်က ဆိုင်တွေကို
လူမရောက်ဖူးရင်သာရှိမည်
ဆိုင်နာမည်လေးနှင့် ဘာစားကောင်းလဲဆိုတာတော့
Park Jiminတို့ ညက်ညက်ကျေအောင်သိနေသည်။သူcompanyသွားတဲ့နေ့ဆို
Yoongi ရေ ဟိုဆိုင်ကဘာမုန့်လေးဝယ်ခဲ့ပါ
ဒီဆိုင်က ဘာလေးကို စားချင်နေလို့ပါဆိုပြီး
ဖုန်းထဲကနေမှာနေကျကိုး.... ။Jimin ကမမှာရင်တောင်
သူကိုယ်တိုင်ကလည်း
ဘာမုန့်ဝယ်ခဲ့ရမလဲ ဖုန်းဆက်ပြီးမေးမိနေတာ
အလုပ်သွားတဲ့ အဖေက သားလေးအတွက်
အပြန်ကို မုန့်ဝယ်ခဲ့ပေးနေသည့်အတိုင်း ။Yoongiဆီကိုဖုန်းခဏခဏလာနေတာ
သတိထားမိတော့ Jiminကမေးရှာသည်။**Yoongi ချိန်းထားတာနောက်ကျနေပြီလား ကျွန်တော်မြန်မြန်စားလိုက်မယ်နော် **
**ရတယ် အရေးမကြီးဘူး ဖြည်းဖြည်းစားအပူလောင်မယ် **
ဗိုက်ဆာဆာနှင့် စောင့်နေသော
PDတစ်ယောက် သွေးတစ်ပွက်အန်ရင်းဖုန်းချသွားပြီ
မင်းအဲ့မှာ ခွံ့ပါကျွေးနေလိုက်တော့
ငါလည်း သွားစားတော့မယ်
ဘယ်နှယ့် စောင့်နေရတဲ့သူမှ အားမနာ
ငါလည်း ပြန်လာချင်တဲ့အချိန်မှာ စားပြီးပြန်လာမယ် ။Companyတွင်ရှိသော Yoongi အလုပ်ခန်းကို
ရောက်တော့ PD မရှိတော့တာကြောင့်
တခြားလုပ်စရာရှိတာလုပ်နေရင်းပဲ လုပ်ကာ
စောင့်နေလိုက်သည်။
Jiminကတော့ keyboard ကို တဒေါင်ဒေါင်တီးနေသည်။
Yoongiရေးထားတဲ့သီချင်းဟု ဝမ်းသာအားရ တီးပြနေသော်လည်း
Yoongiကတော့ တစ်ခါမှမကြားဖူးသလိုပင်။
ဒါပေမဲ့ လည်း ပြုံးနေရတာပဲ... ။
YOU ARE READING
One Bite of Food Blogger Boyfriends [ YM & NJ ] ✅
FanfictionHow to get a foodie boyfriend ?? #Yoonmin # Namjin