Part-31~Wang MinYu's Bd

Start from the beginning
                                    

ရှောင်ကျန့်ဆိုတစ်ယောက်တည်း ဒါတွေလုပ်နေရပါလားဆိုပြီး ရိပေါ်ကတွေးမိကာ ရှောင်ကျန့်ကို အားလဲနာသလိုပိုလဲချစ်မိသည် ။

အခုဆိုရင်တစ်အိမ်လုံးက ကလေးပစ္စည်းတွေအပြည့်ပဲ ကလေးကိုအလယ်မှာချထားပြီး ကလေးနဲ့အတူ ရိပေါ်အရုပ်တွေနဲ့ထိုင်ဆော့ပေးနေသည် legoရုပ်လေးတွေ ဆက်ရတာကြိုက်တဲ့ရိပေါ်က သူ့သားအတွက် lego ရုပ်တွေ series လိုက်ဝယ်ပေးထားသည် ရိပေါ်ကတော့ ကလေးထိန်းနေတာလား သူပါကလေးနဲ့အပြိုင် ဝင်ဆော့နေတာလား မသဲကွဲတော့ဘူး မင်ယူကလဲ တအိအိ,တအဲအဲနဲ့ လုပ်ချင်ရာလုပ်နေသည် ။

ကလေးထိန်းနေပါတယ်ဆိုတဲ့ အဖေကလဲ ကလေးကဘယ်ဆီနေမှန်းမသိအောင် lego ရုပ်တွေထိုင်ဆက်နေသည် လိုက်လဲလိုက်တဲ့သားအဖ လုပ်ချင်ရာလုပ်နေကြတော့ငြိမ်နေကြတာပဲ ။

ရှောင်ကျန့်ကလေးဖက်ထောက်ပြီး လျှောက်သွားနေတဲ့ မင်ယူလေးနားထိုင်လိုက်တော့ မင်ယူကထလာပြီး ရှောင်ကျန့်ကိုယ်ပေါ်ကိုကုတ်ကတ်တက်တော့သည် ။

" ရိပေါ် မင်းကလေးထိန်းပေးဖို့လား မင်းဆော့ဖို့လား ''

ရှောင်ကျန့်အော်သံကြားမှ ရိပေါ်လဲကလေးကို အာရုံရတော့သည် ကလေးကိုရှောင်ကျန့်ဆီကခေါ်တော့ ကလေးကအော်ငိုတော့သည် ။

" မင်းငါ့ယောက်ျားဆီကပ်တာများနေပြီနော် လာဒယ်ဒီ့ဆီလာဦး ''

ရိပေါ်ပြောတဲ့စကားကို ကလေးကဂရုမစိုက်တဲ့အပြင် ရှောင်ကျန့်ကိုပါဖတ်လိုက်သေးသည် ။
" မင်းကတော့ ဒယ်ဒီ့စကားကိုနားမထောင်ဘူးပေါ့ ဒုတ်စာနီးချင်ပြီထင်တယ် ''
ရှောင်ကျန့်လက်ကရိပေါ်ကျောပေါ်ရောက်လာပြန်သည် ။

"မင်းကပဲ ငါ့သားကိုရိုက်ချင်နေသေးတယ် ''

"အာ ကျန့်ရယ် ကိုယ့်သားကိုဆုံးမနေတာလေ ''

"ဘာဆုံးမတာလဲ မင်းဒ်ီလောက်ဘက်လိုက်နေတာ ဆုံးမတာလား ''

ရိပေါ်နဲ့ကျန့်စကားများနေတုန်း ကလေးက, လေးဖက်ထောက်ကာ အရုပ်သွားယူပြီး မတ်တပ်ရပ်လိုက်တာမို့ ရိပေါ်ရောရှောင်ကျန့်ရော မျက်လုံးပြူးသွားရသည် လဲကျတော့မှာမို့ရိပေါ်မှာ မင်ယူလဲမကျခင်အမြန်လှမ်းဆွဲထားလိုက်ရသည် ။

Hate is Love  { Complete }Where stories live. Discover now