Hate is Love
Zawgyi
ရိပေါ်ညကပွဲကြမ်းသွားတာမို့ ရှောင်ကျန့်မှာ မနက်မထနိုင်တာမို့ ရိပေါ်ကပဲကလေးကိုချီပြီး
အောက်ထပ်ဆင်းလာရသည် ။" ဟဲ့သား ကျန့်လေးရော မနိုးသေးဘူး ''
" ကျန့်လား နေသိပ်မကောင်းချင်လို့တဲ့ အဲ့ဒါအိပ်နေတယ် ''
" သားရောရုံးမသွားဘူးလား ''
" ဟုတ်တယ် ဒီနေ့ကျန့်နေသိပ်မကောင်းလို့ကျွန်တော်ပဲ ဝမ်ပိစိကိုထိန်းမလို့လေမား ''
" မားထိန်းပေးမှာပေါ့ ''
"ရပါတယ် မားနားပါ ''
ရိပေါ်မှာကလေးကိုကြိုးသိုင်းတဲ့ဟာနဲ့ရင်ဘတ်မှာ ချီထားပြီး ရှောင်ကျန့်အတွက်မနက်စာကို ဗန်းနဲ့အပေါ်ကိုယူခဲ့လိုက်သည် ။အိပ်နေတဲ့ရှောင်ကျန့်ဘေးနားမှာကလေးကိုချလိုက်တော့ ကလေးက, လေးဖက်ထောက်ပြီး ရှောင်ကျန့်ပေါ်တက်သွားသည် ။
အကျီမဝတ်ရသေးတဲ့ရှောင်ကျန့်ရင်ဘတ်ပေါ် တက်သွားပြီး ရှောင်ကျန့်ရင်ဘတ်ကိုသွားရိုက်နေသည် ။
"ပါးပါး နိုးသွားမယ်လေ သားရဲ့ ''
" အင်း ''
" ကျန့်နိုးလာပြီလား ''
"အင်း သားရောနိုးနေပြီလား ရိပေါ်ရုံးမသွားဘူးလား ''
"အင်းဒီနေ့တစ်ရက်ခွင့်ယူပြီး ကျန့်နဲ့ကလေးကူထိန်းပေးမလို့လေ
ကိုယ်မနက်စာယူလာခဲ့ပေးတယ် စားလိုက်ဦး ကိုယ်ကလေးထိန်းလိုက်မယ် ''
ရိပေါ်ကလေးကိုခေါ်ပြီး အောက်ဆင်းသွားပြန်သည် ။
ကလေးထိုင်တဲ့ခုံအရှည်မှာမင်ယူလေးကိုတင်လိုက်ပြီး ကလေးတွေစားတဲ့ ဒိန်ချဉ်လေးကျွေးတော့ပျော်ပြီး လက်ခုပ်တောင်တီးနေသေးသည် ။ရိပေါ်လဲ ကလေးကပျော်ရွှင်စွာစားနေတာလေးကို ကြည်ပြီးပီတီဖြာနေရသည် သူအခုဆိုရင်သူ့ကိုယ်သူ အဖေဆိုတာခံစားမိလာသည် ကလေးကို ဖြည့်စွက်အစာလေးတွေဖျော်ကျွေးပြီး ရေချိုးပေးတော့ ရေမကြိုက်တဲ့ မင်ယူကကော့ပြန်လန်နေတာမို့ ရိပေါ်မှာမနည်းထိန်းရသည် ။
YOU ARE READING
Hate is Love { Complete }
General Fictionအမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ဆက်ပီးချစ်နေကြဦးမယ်ထင်ပါတယ် A/N - တချို့ခန်းတွေမီးနီမှာမို့လို့ အသက်မပြည့်သေးရင်မဖတ်ပါနဲ့လို့သတိပေးပါတယ် 🚨🔞🚨🔞 ...