Hate is Love
Zawgyi
Stella ကချန်ခေါ်လာလို့ကုမ္ပဏီနားက cafe မှာထိုင်နေကြသည် ချန်ကအာရုံလွဲဖို့သာခေါ်လာတာ ဘာပြောရမှန်းမသိ ။
" ချန် အရမ်းကြီးစိုးရိမ်သွားတယ်မလား ညကကိစ္စအတွက်သိပ်လဲမစိုးရိမ်ပါနဲ့ Johnက ဒါမျိုးတော်တယ် ''
" အခုသူကရော ''
" မြို့ထဲကဟိုတယ်တစ်ခုမှာ Stellaနာမည်နဲ့ ဘိုကင်တင်ထားတော့ သူအဲ့မှာအေးဆေးနေနေတယ် ''
" အာ အဲ့လိုလား ခဏနော်ကျွန်တော်toliet သွားလိုက်ဦးမယ်''
ချန်,သူ့ရဲ့အဖွဲ့စီမြန်မြန်ဆက်သွယ်လိုက်ပြီး မြို့ထဲက ဟိုတယ်ကြီးမှာ Stella နာမည်နဲ့တည်းနေတဲ့ Johnကိုရှာဖို့သတင်းပို့လိုက်သည် ပြီးတော့Stellaရှေ့ ဟန်မပြတ်ပြန်နေလိုက်ပြီး ကော်ဖီသောက်ကာ အခြားအကြောင်းများအာရုံလွှဲနေလိုက်သည် Stella ကိုကြည့်ရတာအေးဆေးပင် ဒီလိုမျိုးပဲခဏခဏလွတ်နေကြဖြစ်လို့ထင်ပါရဲ့ ဒီတစ်ခေါက်တော့မလွတ်တော့မှာမို့ အပြင်မှာရှိနေတုန်းလေး ပျော်ပျော်နေလိုက်ပါဦးStella....
Stella ရုံးခန်းထဲကိုပြန်ရောက်တော့ သူ့ရဲ့အတွင်းရေးမှူးကပန်းစီးတစ်စည်းလာပေးသည် ။
" ဘယ်သူပေးတာလဲ ''
" မသိဘူးရှင့်၊ deliနဲ့အပ်ထားတာ Stellaဆိုတဲ့ နာမည်နဲ့ဆိုလို့လာပေးတာပါ ''
Stella ပန်းကိုကြည့်လိုက်တော့ပင့်ကူနီပန်း (Red spider lily )ပန်းနီနီတွေကိုအမည်းရောင်warp နဲ့စည်းထားတာမို့ အထဲကအနီရောင်ပန်းများက အထင်းသား ဘယ်သူကများဒီလောက်ဈေးကြီးတဲ့ပန်း ကိုလာပေးတာလဲ သူပန်းစည်းထဲကိုကြည့်လိုက်တော့ post card တစ်ခုတွေ့တာမို့ဖတ်ကြည့်လိုက်သည် ။
' Red Spider Lily ပန်းအဓိပ္ပါယ်ကိုသိလား အဲ့ပန်းတွေက သေခြင်းကိုကိုယ်စားပြုတယ်တဲ့ မင်းလုပ်ခဲ့တဲ့အရာအားလုံးကို ပြန်ပေးဆပ်ဖို့ ငရဲကစောင့်နေတယ် Hell Lo ကဲငရဲကိုသွားပေတော့..'
YOU ARE READING
Hate is Love { Complete }
General Fictionအမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ဆက်ပီးချစ်နေကြဦးမယ်ထင်ပါတယ် A/N - တချို့ခန်းတွေမီးနီမှာမို့လို့ အသက်မပြည့်သေးရင်မဖတ်ပါနဲ့လို့သတိပေးပါတယ် 🚨🔞🚨🔞 ...