Part -9 ~ Miss u but don't want remember

18.4K 1.3K 22
                                    

Hate is Love

Zawgyi

မနက်နေရောင်ခြည်က ပြတင်းပေါက်ကဖြတ်ပြီး ရှောင်ကျန့်ရဲ့မျက်နှာပေါ်ကိုကျရောက်လာတာကြောင့် အအိပ်စက်တဲ့ရှောင်ကျန့် နိုးလာသည် သူ့ရဲ့ဘေးကိုလက်နဲ့စမ်းမိတော့ အေးစက်စက်အိပ်ယာခင်းသာ ရိပေါ်ကရုံးသွားနှင့်ပြီ ထင်ပါရဲ့ တစ်ကိုယ်လုံးနာနေပေမယ့်လဲ ညကအကြောင်းကိုပြန်တွေးမိပြီး နှုတ်ခမ်းက အလိုလိုပြုံးမိသည် ။

သူညကအကြောင်းတွေးနေတုန်း ရိပေါ်က ရေချိုးခန်းထဲကထွက်လာကာ အဝတ်စားလဲမို့လုပ်နေတာမို့ ရှောင်ကျန့်ထလိုက်သည် ။

"ရိပေါ် ရုံးသွားတော့မှာလား ကျန့်အိပ်ရာထနောက်ကျသွားတယ် မနက်စာအမြန်ပြင်ပေးမယ်နော်ခဏစောင့်''

ရှောင်ကျန့် ညဝတ်အကျီလေးကိုပြန်ဝတ်ပြီး ရိပေါ်အတွက်မနက်စာပြင်ဆင်ပေးမလို့ အခန်းထဲကထွက်မလို့လုပ်တော့

"မလိုတော့ဘူး ''

"ဟမ်...''

"မလိုဘူးလို့''

ရိပေါ်အော်ပြောလိုက်ကာ ဗီဒိုတံခါးကိုဆောင့် ပိတ်လိုက်သည် ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်မှာကြောင်အလျက် ဘာလို့များ မနက်စောစောမှာဒေါသထွက်နေရတာလဲ နားမလည်နိုင် ။
ရှောင်ကျန့် ရိပေါ်ရှေ့ကို ပြန်သွားလိုက်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်သည် ။

"ရိပေါ် ဘာဖြစ်နေတာလဲ ဟမ် ကျန့်က ဘာများအမှားလုပ်ထားလို့လဲ ညညဆိုလဲနောက်ကျမှပြန်လာတယ် ကျန့်ကိုအားနေရင်လဲ ဒေါသပဲထွက်နေတာ ကျန့်လဲ ရိပေါ်အတွက်ပဲလုပ်ပေးနေတာပဲ ဘာများအမှားလုပ်နေလို့လဲ ကျန့်မှားနေရင်တောင်ရိပေါ်ပြောမှသိမှာပေါ့ ''

"အခုရော ဘာဖြစ်နေလို့လဲ ''

"ရိပေါ် ''

ရိပေါ်ကတော့ ရှောင်ကျန့်စကားကို တောင်နားမထောင်တော့ဘဲအခန်းတံခါးက်ို ပိတ်ကာထွက်သွားသည် ရှောင်ကျန့်မှာရိပေါ်ကိုကြည့်ပြီး မျက်ရည်တွေဝဲမိပြန်သည် ဘာတွေကများသူတို့ နှစ်ယောက်ကိုဝေးစေတာလဲ ။

ရိပေါ်ရုံးခန်းထဲမှာ အစောကြီးရောက်နေပေမဲ့စိတ်ကတော့ မနက်ကရှောင်ကျန့်အပေါ် သူလုပ်ခဲ့တာတွေကို နောင်တရနေမိသည် အရင်လိုရှောင်ကျန့်နဲ့ နွေးနွေးထွေးထွေးလေး ပြန်နေချင်ပေမဲ့သူ့ရဲ့အတ္တက ခွင့်မပြုနိုင် ။

Hate is Love  { Complete }Where stories live. Discover now