Hate is Love
Zawgyi
ရှောင်ကျန့်ကလေးမွေးပြီးတည်းက ရိပေါ်ရုံးအလုပ်တွေအကုန်လုံးကို ယွီပင်းနဲ့ Jeanaကိုလွှဲထားပြီး သူဌေးဝမ်ကြီးက ယောက်ျားဘေးနားမှာပဲ စိတ်မချလို့တကောက်ကောက် ။
ဆေးရုံကမဆင်းရသေးတာမို့ ရိပေါ်မှာစိတ်မချနိုင် ကလေးနို့တိုက်တာ အနီုးလဲပေးတာကအစ ဒယ်ဒီဝမ်ကြီးကပဲလုပ်တော့ ရှောင်ပါးပါးက အေးဆေးဇိမ်ပဲ ။
"ရိပေါ် ကျန့် ပီဇာစားချင်တယ် ''
" ကျန့်ကလဲတည့်ပါ့မလား မွေးခါစကို ''
"အာ ပီဇာလို့ ပီဇာစားချင်တယ် ယောက်ျားရဲ့ ဝယ်ကျွေးပါ''
ရှောင်ကျန့်ကရိပေါ်လက်မောင်းကိုလှုပ်ခါပြီး puppy eyeလေးနဲ့ပြောတော့ ရိပေါ်မှာမငြင်းရက်နိုင်ပေ ဒီလိုချစ်ဖို့ကောင်းတဲ့ ယောက်ျားလေးရဲ့ချွဲမှုမှာ ဒယ်ဒီဝမ်ဘယ်လိုခေါင်းမာရက်မှာလဲ ဒါကပဲ ဒယ်ဒီဝမ့်ကိုနိုင်တဲ့ လက်နက်ပဲဖစ်သွားရသည် ။"အာ စားလို့ကောင်းမှာပဲ ''
ပီဇာရောက်လာတာနဲ့ပျော်မြူးပြီးပီဇာကိုစားနေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ်ပြုံးမိသည် စားနေရင်း နင်မှာစိုးလို့ ဘေးကနေနို့လဲထည့်ပေးရသေးသည် ။"ဖြေးဖြေးစားပါ ကျန့်ရယ် နင်,နေမယ် ရော့ နွားနို့လေးနဲ့ပါသောက် ''
"ဗိုက်ကြီးထဲကအစပ်တွေမစားရဘူးဆိုလို့ အောင့်ထားသမျှ အခုမှပဲစားရတော့တယ် တော်သေးတယ်နို့မတိုက်ရလို့ ''
"အင်းပါစား ဖြေးဖြေးစား ''
ရိပေါ်ကစားနေတဲ့ရှောင်ကျန့်ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည် ပလုတ်ပလောင်းနဲ့အားရပါးရစားနေတာလေးက တကယ့်ကိုချစ်စရာ ရိပေါ်လဲထိုမြင်ကွင်းကိုဘယ်လိုမှ သီးခံပြီး ကြည့်မနေနိုင်တော့တာကြောင့် ရှောင်ကျန့်ပါးလေးကိုနှာခေါင်းနစ်ဝင်တဲ့ အထိနမ်းလိုက်သည် ။
ရှောင်ကျန့်လဲစားနေရင်း ရုတ်တရက်လာနမ်းတဲ့ ရိပေါ်ကြောင့်ကြောင်သွားပေမယ့် လက်ကတော့အစားမပျက်ပါဘူး မပွေ့ဖက်တာကြာတဲ့ ခါးသိမ်သိမ်လေးတွေကိုဆွဲဖက်လိုက်ရင်း ပါးဖောင်းဖောင်းလေးတွေကို အတော်ကြာတဲ့အထိ နမ်းနေလိုက်သည် ။
YOU ARE READING
Hate is Love { Complete }
General Fictionအမုန်းဆိုတာ အချစ်ကနေအစပြုတာမို့ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ချစ်နေမိဦးမှာလဲ လူတိုင်းလဲ ကိုယ်ချစ်တဲ့သူကို မနာကျည်းနိုင်သရွေ့ ဆက်ပီးချစ်နေကြဦးမယ်ထင်ပါတယ် A/N - တချို့ခန်းတွေမီးနီမှာမို့လို့ အသက်မပြည့်သေးရင်မဖတ်ပါနဲ့လို့သတိပေးပါတယ် 🚨🔞🚨🔞 ...