ရောင်စဉ် ပန်းခြံလေးဆီ ရောက်တော့ အပင်ကြီး တစ်ခုဆီ ရောက်တော့ wheel chair ပေါ်မှာထိုင်နေတဲ့ သူ၏ မေမေ။ဘေးနားတွင် ရပ်နေတဲ့ နပ်စ်မလေး တစ်ယောက်။
ရောင်စဉ် နောက်မှာ ပါလာတဲ့ guard နှစ်ယောက်ကို ကြည့်ပြီး..
" မေမေနဲ့ နှစ်ယောက်တည်း အေးဆေးနေချင်တယ်..ခပ်လှမ်းလှမ်းကပဲ ကြည့်ပေးပါ.."
ရောင်စဉ် မာဖလာလေး ကိုင်လာရင်း မေမေ့အပေါ် ခြုံပေးလိုက်ကာ အနားရောက်လာတော့ ~ ပန်းပွင့်လေး လက်ကကိုင်ထားရင်း လှည့်ကြည့်လာတော့ သူ၏မေမေ။
ရောင်စဉ် မေမေ့ ရှေ့သို့ ဒူးထောက်ထိုင်ချလိုက်ရင်း လက်ကလေးကို ဆုပ်ကိုင်ကာ..
ရောင်စဉ် ~ " မေမေ သားရောက်လာပြီ..သားကို အရမ်းလွမ်းနေလား..ခုမှလာတွေ့ရတယ်..မေမေ ရှိနေသေးတာတောင် စိတ်ရှိတိုင်း လာတွေ့ခွင့်မရဘူး..သားဆုံးဖြတ်ချက်တွေ မှားခဲ့တယ် မေမေရယ်.."
ရောင်စဉ်ငိုရင်းနဲ့ ပြောမိလေတော့..
" ကိုကို..မငိုပါနဲ့..တိတ်..တိတ်..ဒီမှာ..လမင်းကြိုက်တဲ့ ပန်းလေးပေးမယ်လေ.."
ဒေါ်လမင်းဖြူက ရောင်စဉ် ဖေဖေ accident ဖြစ်တုန်းက မျက်စိရှေ့မှာပဲ အသက်ဆုံးရှုံး သွားရတာ မြင်ခဲ့ရလို့် စိတ်ထိခိုက်လို့ နည်းနည်း..နည်းနည်းနဲ့..ဒီရောဂါခံစားခဲ့ရတာပါ။အဲ့ဒါကြောင့် ရောင်စဉ်ကို မြင်တိုငိး ရောင်စဥ့် ဖေဖေပဲလို့် မှတ်ယူတာပါ။
ရောင်စဉ် ~ " မဟုတ်ဘူးလေ မေမေရယ်..ဖေဖေမှ မရှိတော့တာ..သားက ရောင်စင်လေ..မေမေရဲ့ ဖြူလေး လေ..သားကို မှတ်မိပေးပါဦး..မေမေနဲ့ တွေ့ခွင့်ရဖို့..သားဘာတွေ ပေးဆပ်လာရလည်း မေမေမသိဘူး.."
ရောင်စဉ် မေမေ့လက်ကလေး ပေါ်ကို မျက်နှာအပ်ထားရင်းနဲ့ မျက်ရည်များနှင့်~
![](https://img.wattpad.com/cover/230942164-288-k395128.jpg)
YOU ARE READING
အချစ်ကြမ်းသည်။
Romanceရောင်စင်ဖြူ "ကျေးဇူးပြုပြီး တောင်းပန်ပါတယ်~ထွက်သွားခွင့်ပေးပါ အရမ်းမွန်းကြပ်တယ် အသက်ရှူခွင့်ပေးပါ" မာန်ထက်ရှိန်ဦး "ဘယ်တော့မှထွက်သွားခွင့်ပေးမှာမဟုတ်ဘူး ငါ့အနားမှာတစ်သက်လုံး ဘယ်သူ့မှ မင်းမျက်နှာ...
အချစ်ကြမ်းသည်။အပိုင်း~၁၅
Start from the beginning