[System: စိတ်လျော့ထား... အကောင်းတွေးရအောင်]

"ဘာလဲ..."

[System: နင့်စိတ်နဲ့ဆို လင်ရမှာမဟုတ်ပေမယ့် ငါကူညီလိုက်လို့ နင်အနေနဲ့ လင်ကြီးခုနှစ်ယောက်တောင်ရမှာနော်...ဘယ်လောက်မိုက်လဲ နင်ရဲ့အနောက်ဘက်ဆောင်မှာ ဗလတောင့်တောင့် ခန့်ချောချော ယောကျာ်းပျိုကြီးတွေပဲနော် မြင်သူတကာ အားကျသွားလိမ့်မယ်]

"....ငါ မင်းကို သတ်လို့ရလား" ဝမ်ဖေးရန်ဟာ ဥမကို ကြည့်ပြီး ပြုံးကာမေးလိုက်သည်၊ ဥမက လျစ်လျူရှု လိုက်ပြီး

[System:နင့်အပြစ်နင်လေ၊ နင့်ကို အစထဲက အခွင့်အရေးတွေ အများကြီးပေးထားတယ်၊ ဟုတ်ပြီလား ပြီးတော့ ကျန်သေးတယ်]

"ဘာလဲ... ပြောပြော"

[System: အိုမီဂါအမျိုးသားတွေက ဒီကမ္ဘာမှာ တန်ဖိုးရှိတယ်၊ဒါကြောင့် နင် သတိထားသင့်တယ်...ပြီးတော့ နင့်သိုင်းသွေးကြောက ရေဓာတ်ပြုလေ၊ဒါအပြင် ငါ့အထက်အရာရှိတွေက ပိုကောင်းအောင် နင့်ကိုယ်ထဲကို ကုသခြင်းဝိညာဉ်ထည့်ပေးထားတယ်]

"ကုသခြင်း ဝိညာဉ် နေပါဦး ဒီကိုယ်မှာ ဓားဝိညာဉ်ရှိတာလေ..."

[System: နင် အရွေးကောင်းမူလေ... အိုမီဂါဆိုတာ ဓားဝိညာဉ်နဲ့တန်မလားဟဲ့ ရှိတာ ယူ]

"...." အဲ့လောက်တောင် အဖြစ်ဆိုးတာလား

[System:ပြီးတော့ ကျန်သေးတယ် နင့်မျက်နှာကို ဖုံးကွယ်ထားသင့်တယ် ]

"ဘာကြောင့်... "

[System: ရုပ်ရည်ဆွဲဆောင်မှုမှာ ငါ 120တိုးမိသွားတယ်လေ...အခု နင့်ရုပ်က ဘာအမူအရာလုပ်လုပ် 'ကျွန်တော့်ကို လုပ်ပါလုပ်ပါ'လို ဖြစ်နေတာနော် ပြီးမှာ တက်လုပ်ခံရမှ ငါ့ကို အပြစ်မဖို့နဲ့]

" .... " system စကား မယုံတာကြောင့် ရေကန်မှာ သွားကြည့်လိုက်တော့ သူရုပ်သူကြည့်ပြီး ဥမ ပြောတာ တကယ်မှန်တယ်လို့ ထောက်ခံမိမတတ်ပဲ၊ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး မကောင်းတဲ့စိတ်တောင် ဝင်မိတယ်၊တကယ်ကြီး မကောင်းစိတ်ဝင်မိတာပါဗျ!!!

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now