အယ်လ်ဖာကျတော့... နင်နားလည်အောင်ပြောရရင် အခြားNovelထဲက ဇာတ်လိုက်တွေလိုပေါ့၊တအားစွမ်းအားကြီးပြီး လုံးဝမိုက်နေတာကြီးတွေ၊အားလုံးရဲ့အထက်မှာအပြင် စော်ကြည်၊ဘဲကြည်၊ရှိသမျှအကုန်ကြည်တဲ့လူတန်းစားမျိုးတွေ]

"...." အယ်လ်ဖာက အဲ့လောက်တောင် ဂေါ်တာလား၊

'အားမငယ်နဲ့ အိုမီဂါဆိုတာ ပိုကောင်းလိမ့်မယ်' ဝမ်ဖေးရန် သူကိုယ်သူ အားပေးရင်း အဖြူရောင်အလုံးကြီးကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်လိုက်သည်၊

"အိုမီဂါကကော.... "

[System: ပြောမှာပေါ့ နင်ကလဲ...အိုမီဂါကျတော့ .... နင်နားလည်အောင် ပြောရရင် နင့်Novelထဲက ဇာတ်လိုက်တွေလိုပေါ့၊ ပျော့တိပျော့ဖက်နဲ့ အထိအခိုက်လွယ်တာပေါ့ ကွဲတာကတော့ အိုမီဂါတွေက လှတယ် ပြီးတော့ အခြားသူတွေကို ဆွဲဆောင်နိုင်ဖို့ ကိုယ်ပိုင်ရနံ့လဲရှိသေးတယ်...ပိုပြီး ထူးဆန်းတာကလေ အိုမီဂါတွေက ကလေးမွေးဖွားပေးနိုင်တယ်]

"သြော်...အမ်....ဟမ်....ဘာ!!!!!!!!!!"

[System: ဖြေးဖြေးအော်ပါဟ ငါနားကန်းပါပြီအေ]

"နေအုန်း ဒါပေမယ့် ငါက ယောကျာ်းလေးလေ...အဲ့တော့ မဟုတ်ဘူးမလား"

[System: ဂုဏ်ယူစရာပြောရရင် အိုမီဂါအမျိုးသမီးကော၊အမျိုးသားကော သားအိမ်ပါပြီး ကလေးမွေးဖွားပေးနိုင်တဲ့ မျိုးစိတ်တွေကြီးပဲ... မိုက်တယ်နော်]

"ဘာ!!!!!!!!!!!!" ဝမ်ဖေးရန်ရဲ့ အောင်မြင်တဲ့အသံကြီးဟာ တစ်တောလုံးကို ပြန့်ကုန်ကာ သစ်ပင်ထက် အနားယူမှေးစက်နေကြသည့်ငှက်တွေတောင် ထပျံ ပြေးကုန်တော့သည်၊

[System: ငါ့နားလေးတော့ ကန်းပါပြီ]

"မင်းနားက နောက်မှကွ!!!ငါက အကြိတ်ခံရတော့မယ် ဟုတ်ပြီလား!ဒီကိစ္စကို ငါဘယ်လို အေးအေးထားနိုင်မှာလဲကွ!!!" ယောကျာ်းအချင်းချင်း ချစ်ကြိုက်မှုကို ဝမ်ဖေးရန်ဘယ်လိုမှ မမြင်ပေ၊အချစ်ဆိုတာ ထူးပြီး ဆန်းကျယ်သည်မလား။

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now