Part -29 ~ Daddy Wang

Start from the beginning
                                    

" အ့ ရိပေါ် ''

"သွေ့ပုချိ ကျန့် နာသွားလား ''

"ဟင့်အင်း မုန့်စားလို့မရတော့လို့ ''

ရိပေါ်မှာပြောစရာစကားများပင်ဆွံအသွားရသည် နဖူးမှာဝဲကျနေတဲ့ ရှေ့ဆံပင်လေးတွေကို ထိပ်မှာစုစည်းပေးလိုက်တော့ ကလေးပေါက်စနဲ့ပင်တူသွားသေးသည် ။

" အဲ အဲ ''

ပုခတ်ထဲကကလေးနိုးလာတာမို့ ရိပေါ်ကပွေ့ချီပြီး သွားခေါ်လိုက်တော့ ရှောင်ကျန့်ကပီဇာဗူးကိုချလိုက်ပြီး ရိပေါ်ဆီက ကလေးကိုယူလိုက်သည် ။

" အင်း ပါးပါးသားလေးကဗိုက်ဆာလို့လား ပါးပါးကတ်ိုက်မှာပေါ့ ''
အသင့်ဖျော်ထားတဲ့မပူမအေးနို့ဗူးလေးကို ရိပေါ်ကပေးတော့ ရှောင်ကျန့်က,ကလေးကိုသူ့ရင်ခွင်ထဲ ပွေ့ထားပြီးနို့တိုက်လိုက်သည် ။

ပါးပါးနီးတူဗိုက်ဆာနေတဲ့ နီတာရဲလေးက နို့ကိုအငမ်းမရဆွဲတော့သည် ။

" တော်တော်ဗိုက်ဆာနေတယ်နဲ့တူတယ် ''

ရိပေါ်ကထိုမြင်ကွင်းလေကို အမှတ်တရအဖြစ် သိမ်းထားဖို့ဓာတ်ပုံလှမ်းရိုက်လိုက်သည် ပါးပါးရယ် အငမ်းမရနို့ဆွဲနေတဲ့ ဝမ်ပိစိလေးရယ် ။

" ရိပေါ်ဘာလို့ရိုက်တာလဲ ဒီလောက်စုတ်ပြတ်နေတာကို ''

" ဟင့်အင်း ကမ္ဘာပေါ်မှာအလှဆုံးမြင်ကွင်းကို မှတ်တမ်းတင်ထားချင်လို့ ဒီလောက်ပြစ်ချက်မရှိပဲ ချောတဲ့ကျန့်က ဘယ်ချိန်ကြည့်ကြည့်အချောဆုံးပဲ ''

ရိပေါ်ရဲ့စကားအဆုံးရှောင်ကျန့်မှာရှက်ပြုံးကြီးနဲ့ ရှက်ပြုံးပြုံးနေတဲ့ရှောင်ကျန့်ကို ရိပေါ်က ရွှတ်ခနဲနမ်းတော့ လက်သံပြောင်တဲ့ရှောင်ပါးပါးလက်က ဒယ်ဒီဝမ်ရဲ့ခေါင်းပေါ်ခွက်ခနဲပဲ ။

" ကလေးရှိတာကို ဘယ်လိုဖြစ်နေတာလဲ ''

"ကလေးက ဘာနားလည်မှာလဲ ကိုယ့်ယောက်ျားကိုယ်နမ်းတာဘယ်သူ့ဂရုစိုက်ရမှာလဲ ဒီဟာလေးကလဲ ကိုယ်လုပ်လို့ဖြစ်လာတာကို ''

ရိပေါ်စကားအဆုံးဘေးမှာရှိတဲ့တသျူးဘူးနဲ့ အပေါက်ခံရတော့တာပဲ ။

"အာ ကျန့်ကလဲ ကိုယ်ကအမှန်ပြောတာကို ''

စပ်စုလွန်းတဲ့အသေးလေးကလဲနို့စို့နေရင်း ပါးပါးနှစ်ယောက်ရဲ့ရန်ပွဲကို မျက်စိလေးကလယ် ကလယ်နဲ့လိုက်ကြည့်နေသည် ။

Hate is Love  { Complete }Where stories live. Discover now