Part -27~Precious Things

Start from the beginning
                                    

" ဖန်ရှင်းရေ အက်ကောင်ကိုပါခေါ်ခဲ့ပါအူးကွာ spaပို့ရဦးမယ် အိမ္မာလဲ ဘယ်သူ့မှမအားတာနဲ့ သူ့ကိုသန့်ရှင်းရေးမလုပ်ဖစ်သေးအားဘူး ''

ရှောင်ကျန့်တို့သူငယ်ချင်းနှစ်ယောက် Teddyကို Spa အရင်ပို့ဖို့ လုပ်ရသည် Spaကိုရှောင်ကျန့်တို့ ရောက်တော့ရှောင်ကျန့်ကကောင်မလေးတွေကြားထဲမှာ ရေပန်းစားတုန်း ဒါကြောင့်လဲသူ့လင်က ဘယ်မှမသွားခိုင်းဘဲအိမ်မာဥထားတာနေမှာ ။

" ယောက်ျားလေးကိုယ်ဝန်ဆိုတော့ခက်မှာပဲနော် ''

"ဟုတ် မခက်ပါဘူး အမျိုးသမီးတွေနဲ့ မခြားမနားပါဘဲ''

"အကိုကအရမ်းချောတော့ ကလေးကလဲချောမှာပဲနော် ''

"အာ ကျေးဇူးပါ ''
မိန်းကလေးတွေနဲ့ရှောင်ကျန့်က စကားတွေကျလို့ သူ့လင်သာမြင်ရင် ကျန့်ဖန်ရှင်းတစ်ယောက် ခေါင်းမွှေးပြောင်မယ့်အဖြစ် ဟိုကသဝန်တိုတက်တာနဲ့ သူကလူခင်တက်တာနဲ့တော့ဟုတ်နေပြီ ။

Spaကအပြန်ရှောင်ကျန့်ဟော့ပေါ့စားချင်လာတာမို့ ဖန်ရှင်းကိုပြောပြီးဟော့ပေါ့ဆိုင်ဝင်ခိုင်းရသည် ဟော့ပေါ့
စားတော့လဲအစပ်တွေချည်းပဲ ။

" ဟေ့ကောင် အစပ်တွေချည်းပဲစွတ်မစားနဲ့လေကွာ ''

"ငါအစပ်အရမ်းစားချင်လာလို့ကွ ချေခြင်းတက်တာလားမသိဘူး''

"မင်းကလဲကွာလရင့်နေပြီ နည်းနည်းဆင်ခြင်ပေါ့ မင်းယောက်ျားသိရင်ငါတော့အသတ်ခံရတော့မှာပဲကွာ ''

"တစ်ခါတစ်လေပဲကွာ မင်းမပြောရင်သူမသ်ိပါဘူး မင်းသာပြန်မပြောနဲ့ ''

"အေးပါမင်းကိုလာခေါ်မိတဲ့ငါမှားတာပါကွာ''

ရှောင်ကျန့်ကတော့ ဖန်ရှင်းပြောတာကိုဂရုမစိုက်ဘဲ ဆက်စားနေတော့သည် ။

ရိပေါ်ရုံးကပြန်ရောက်တော့ခြံထဲမှာ Teddy နဲ့ဆော့နေတဲ့ ရှောင်ကျန့်ကြောင့်ရိပေါ်ပြုံးမိသည် ဗိုက်ပူပူလေးကိုရှပ်အကျီအပွပဲဝတ်ပြီး အောက်က boxer ပဲဝတ်ထားတဲ့သူလေးက တကယ့်ကိုအလှပလေး ။

ရိပေါ်ပြန်လာတော့ Teddy ကရိပေါ်ကိုပြေးကြိုကာ
ရိပေါ်ကိုယ်ပေါ်ပြေးတက်သည် ။

Hate is Love  { Complete }Where stories live. Discover now