Part-25~Husband Material

Comincia dall'inizio
                                    

"ကျန့်ကအခုဗိုက်နဲ့လေကွာ ဘာမှမလုပ်ရဘူး ထိုင်နေကိုယ်ပဲအကုန်လုပ်မယ်''

ရိပေါ်ကရှောင်ကျန့်ပုခုံးလေးနှစ်ဖက်ကိုလက်နဲ့ကိုင်လိုက်ပြီး ထိုင်ခုံပေါ်မှာထိုင်ခိုင်းလိုက်သည် suit အမည်းပေါ်အေပရွန်ဝတ်ထားတာက ဝမ်ရိပေါ်နဲ့မလိုက်ဖက်ပေမယ့်လဲ ရှောင်ကျန့်မျက်လုံးထဲမှာပေါ့ သူယောက်ျားကသာအမိုက်ဆုံး ။

ရိပေါ်ကသူရှေ့ကိုဆန်ပြုတ်ပန်းကန်လေးလာချပေးသည် အမြင်နဲ့တင်တော်တော်လှနေတာမို့ ရှောင်ကျန့်စိတ်ထဲ တစ်မှတ်ပေးလိုက်သည် ကိုယ့်ယောက်ျားမို့ ကိုယ်ပြောတာမဟုတ်ဘူး ဝမ်ရိပေါ်ကဘာသင်သင်အတက်လွယ်သည် ။

ရိပေါ်လုပ်ထားတဲ့ဆန်ပြုတ်ကိုတစ်ဇွန်း
ယူစားလိုက်တော့ သူ့စိတ်ထဲမအီမလည်ကြီးဖြစ်လာသည် ဘေးကရိပေါ်က သူစားတာကိုမျက်တောင်မခတ်ဘဲ ကြည့်နေတာမို့ ရိပေါ်စိတ်မကောင်းဖြစ်သွားမှာစိုးပြီး
အားတင်းပြီးမျိုချလိုက်သည် ။

"ဘယ်လိုလဲ အဆင်ပြေရဲ့လားကျန့် ''

" အင်းပြေပါတယ် ''
ရှောင်ကျန့်ကရိပေါ်ကျေနပ်အောင်ပြုံးပြလိုက်ပြီး ဆန်ပြုတ်ကိုအောင့်အီးကာဆက်စားလိုက်သည်
သုံးလေးဇွန်းလောက်စားပြီးမအောင့်နိုင်တော့ပေ ။

" အွန့် ဝေါ့ ''

ရိပေါ်ကသူ့လက်ကိုခံပြီးရှောင်ကျန့်ကျောလေးကို ပုတ်ပြီး အန်ခိုင်းသည် ။

ရိပေါ်ရဲ့လက်ပေါ် စားထားသမျှတွေအန်တော့ ရှောင်ကျန့်မှာ ရိပေါ်ကိုကြည့်ပြီးစိတ်မကောင်းသလို အားလဲနာရသည် ရိပေါ်ကတော့ပေသမျှကိုဂရုမစိုက်ဘဲ ရှောင်ကျန့်ကိုရေတိုက်ကာ ပါးစပ်ကိုပါသုတ်ပေးနေသေးသည် ။

"ရိပေါ် ပေကုန်ပြီမလားသွားလဲလိုက်ဦးလေ အနံတွေစွဲကုန်ဦးမယ် ''

" ဘယ်လိုနေလဲ ကျန့်အဆင်ပြေရဲ့လား မပြေရင်ဆေးရုံသွားရအောင်လေ ''

" ရတယ် ဆရာဝန်ကဒီလိုလက္ခဏာတွေဖြစ်တယ်တဲ့ ကိုယ်ဝန်အစမို့ ''

Hate is Love  { Complete }Dove le storie prendono vita. Scoprilo ora