အချစ်​ကြမ်းသည်​။အပိုင်း~၁၁

Start from the beginning
                                    

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးတည်​နိုင်​ ကား​မောင်း​နေလျက်​ ​ဘေးက သား ​အေးချမ်းနှင့်​အတူ ရှိ​နေသည်၊​၊ဦးမာန်​မဟာ နဲ့ ​တွေ့​ပေးကာ နှုတ်​ဆက်​ခိုင်းဖို့အတွက်​ သွား​နေခြင်းပါ။...

ဦးတည်​နိုင်​ ~ " သား..အ​ဖေ အိမ်မှာ​ပြောတာ မှတ်​မိတယ်​​နော်​..မာန်​မဟာ မိသားစုထဲ ဝင်​​တော့မယ်​ဆို ဘယ်​လိုမျိုး အချက်​အ​တွေ လိုက်​နာရမလည်းဆိုတာ.."

အေးချမ်း ~ " ဟုတ်​..အ​​ဖေ..သားနားလည်​ပါတယ်​..သား ​စောင့်​ထိန်းမှာပါ..ပြီး​တော့ ခုလိုမျိုး ဆုံးဖြတ်​​ရတာကလည်း အ​ဖေလည်း ​ပေးဆပ်​ထားတာ နှစ်​​တွေမှမနည်း​​တော့တာ အ​ဖေ့ကို နား​စေချင်​ပြီ။အဲ့ဒါ​ကြောင့်​ သား အ​ဖေ့​နေရာ ဝင်​လိုက်​တာပါ။

" ဟုတ်​ပြီ..သား..ဘာပဲဖြစ်​ဖြစ်​..သားအနားမှာ အ​ဖေအမြဲရှိ​နေမယ်​..သားလိုအပ်​ပြီဆို အ​ဖေ ကူညီဖို့ အဆင့်​သင့်​ပဲ..ဘယ်​​တွေပဲ ဖြစ်​လာဖြစ်​လာ သားဘက်​မှာပဲ ရှိ​နေမယ်​​နော်​..:

" ဟုတ်​ကဲ့..အ​ဖေ..သားအ​ကောင်းဆုံးလုပ်​နိုင်​မှာပါ..."

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးမာန်​မဟာ စာကြည့်​ခန်းထဲတွင်​ ရှိ​နေကာ လက်​တွင်​ ကိုင်​ထား​သော Album ၏ ဓါတ်​ပုံပိုင်​ရှင်​ကို စိုက်​ကြည့်​လျက်​ မျက်​ဝန်းမှ မျက်​ရည်​စများဖြင့်​..

" ပန်း..မင်းအခု ငြိမ်းချမ်း​နေပြီ​ပေါ့.."

" ငါ..တစ်​သက်​လုံး..လိုက်​လို့မရနိုင်​တဲ့​နေရာကို အပြီးအပိုင်​ထွက်​သွားခဲ့ပြီ​ပေါ့.."

" မင်း..က​တော့ ​ပျော်​ရွှင်​​နေရပြီ ဆို​ပေမယ့်​..ငါက မင်းမရှိ​တော့တဲ့ အချိန်​ကစပြီး တစ်​ရက်​မှ မ​အေးချမ်းခဲ့ဘူး..မင်းကိုလည်း ခုထိလည်း​မေ့လို့မရနိုင်​ခဲ့ဘူး.."

" ငါ့ရင်ခွင်​​မှာ မ​ပျော်​တဲ့မင်း၊ အမြဲတမ်းထွက်​​ပြေးတဲ့မင်းကို ဖမ်းချုပ်​ထားပြီး တစ်​သက်​လုံးပိတ်​​လှောင်​ခဲ့တာ..အမုန်း​တွေဆက်​တိုက်​​ပေးရင်းနဲ့.."

" အမှန်​ဆို..မင်းဘက်​က နည်းနည်း​လေးချစ်​​ပေးခဲ့ရင်​..ငါ့လည်း ငါ့အတ္တကို နည်းနည်း​လျှော့ခဲ့မိမှာ..ဒါဆို..မင်းခုထိ ငါ့​ဘေး​ရော မင်းရဲ့သား​ဘေးမှာ​ရော ရှိ​နေ​လောက်​မလား.."

အချစ်​ကြမ်းသည်​။Where stories live. Discover now