"မဟုတ်..ငါ..."

"......"

မေလင်းစကားတွေကို ကြားတော့မှ ရိပေါ် တဖြည်းဖြည်း ညပန်ကြားယောင်လာမိတာက သူလည်း အစ်ကို့ကို
ဒီလိုတွေ ​ပြောခဲ့တာပဲ။ အခု ​မေလင်း သူ့ကိုစွပ်စွဲနေသလိုမျိုး သူလည်း အစ်ကို့အပေါ်ကို စွပ်စွဲခဲ့မိတယ်။
အထင်မှားခဲ့မိတယ်။ သူဘာတွေလုပ်မိနေတာလဲ။

"ငါ..ငါမှားသွားပြီ။ငါအစ်ကို့ကိုဘယ်လိုတွေတောင်
ပြောလိုက်မိတာလဲ"

"တကယ်တော့ ဒီကိစ္စမှာနင်တို့နှစ်ယောက်လုံးက
တစ်ယောက်ကိုတစ်ယောက် မြင်အောင်မကြည့်နိုင်
ခဲ့ကြတာပဲ။လူဆိုတာ ကိုယ်တိုင်ခံစားဖူးမှ သူများခံစားချက်ကိုနားလည်တာ။ အခု နင်ခံစားနေရသလို
ရှောင်းကျန့်ကောလည်း ခံစားခဲ့ရမှာပဲ"

"အစ်ကိုက ငါ့ကိုသူ့အတွက်နဲ့ စိတ်ဒုက္ခမရောက်စေချင်တာ။အစ်ကိုက အမြဲငါ့အတွက်ပဲ စဉ်းစားပေးခဲ့တာ။ငါကသာမမြင်နိုင်ခဲ့တာ"

"အခုသိပြီမလား"

"ငါ့ကိုအိမ်ပြန်လိုက်ပို့ပေးပါ မေလင်း"

"တတ်လည်းတတ်နိုင်တယ်။အမျိုးမျိုးပဲ"

ခင်ဗျားဘက်ကို မြင်အောင်မကြည့်ခဲ့တဲ့အတွက် ​တောင်းပန်ပါတယ်။တဇွတ်ထိုးဆန်လွန်းတဲ့ ကျွန်တော့ကို
နောက်ဆုံးအကြိမ် ခွင့်လွတ်ပေးမယ် မဟုတ်လား။
_________________________________

အဖျားရှိန်နဲ့ အိပ်ပျော်နေတဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးကို
ကြည့်ပြီး ရိပေါ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။
သူ့ရဲ့ တစ်ယူသန်စိတ်ကြောင့် အစ်ကို အခုလို ဖြစ်ရတာ။ သူလိုလူက ဘာတွေများ ​ကောင်းနေလို့ အစ်ကို့ကို အပြစ်တင်မိရတာလဲ။ အားလုံးက သူ့အမှားတွေပဲ။

အေးချမ်းနေတဲ့ အစ်ကို့ဘဝလေးထဲကို မဖိတ်ခေါ်ပါဘဲလျက် သူကပဲ ဇွတ်အတင်း တိုးဝင်လာခဲ့တာ။အခုတော့ ကျွန်တော့ရဲ့ အတ္တတွေက ခင်ဗျားကို ပူလောင်စေမိပြီ။

"ခင်ဗျားက​တော်​တော်ခေါင်းမာတာပဲ"

နိုးလာပုံရတဲ့ အစ်ကိုက ရိပေါ်အသံကြားတာနဲ့ 
ချက်ချင်းထထိုင်လိုက်တယ်။

Imaginary You(Completed)Where stories live. Discover now